Baaria
Baaria (2009) Genre – Comedy, Drama IMDb Rating (6.9) ဘာဂါရီယာဆိုတဲ့ အီတလီမြို့ငယ်လေးက လူတစ်ယောက်အကြောင်းကို ကလေးဘဝ လူငယ်ဘဝ လူကြီးဘဝ စသဖြင့် ခေတ်အဆက်အဆက် ပြောင်းလဲလာပုံနဲ့အတူ မျိုးရိုး ၃ ဆက်လောက်ကို ရိုက်ကူးတင်ဆက်ထားတဲ့ အီတလီ ဒရမ်မာကားလေး ဖြစ်ပါတယ်။ ဒါရိုက်တာ Giuseppe Tornatore ကိုယ်တိုင်ကလည်း အဲဒီမြို့လေးမှာ မွေးဖွားလာတဲ့လူတစ်ယောက်ဖြစ်ပြီး သူရိုက်ကူးခဲ့တဲ့ကားတွေဆို ဆယ်ကျော်သက်လေးက အိမ်ပြောင်းလာတဲ့ မမချော Monica Belluci ကို အပေါက်လေးထဲကနေ ချောင်းကြည့် စိတ်ကူးယဉ်တဲ့ Malena ကို လူသိကြမယ်ထင်ပါတယ်။ ဒီဇာတ်ကားလေးထဲမှာတော့ ပက်ပီနိုတိုရာနိုဗာဆိုတဲ့ လူအကြောင်းကို အသေးစိတ် ရိုက်ကူးထားတာပါ။ ကလေးဘဝမှာဆို ခေတ်အခြေအနေအရ စာသင်ရတာပျင်းတာ ကြုံရာအလုပ်ကို ဝင်လုပ်ပြီး ကလေးဘဝလေးကို ဘယ်လိုတွေ ဖြတ်သန်းခဲ့ရတာတွေကို ပြသထားတာပါ။ လူငယ်ဘဝရောက်တော့ စစ်ပွဲကာလ ကျော်ဖြတ်ရတာတွေ လူငယ်သဘာဝအလျောက် ရည်းစားချစ်သူ ထားတာတွေ မိန်းမလိုချင်တာတွေ တခြားနိုင်ငံရေးလောကထဲ ဝင်ရောက်မိတာတွေကို ပြသထားပါတယ်။ လူကြီးကာလမှာတော့ ကလေးတွေအများကြီးနဲ့ အိမ်ထောင်သည်တစ်ယောက် ဖြစ်တဲ့အပြင် နိုင်ငံရေးလောကမှာ ဘယ်လိုတွေ ရုန်းကန်ရပြီး မိသားစုဘဝကိုလည်း ဘယ်လို ဟန်ချက်ညီအောင်နေရတာတွေ စသဖြင့် ဒီလိုမျိုး မျိုးရိုး ၃ ဆက်စာ အတွေ့အကြုံတွေကို ခေတ်အလိုက် ပြန်ပြီး စိတ်ကူးထဲပုံဖော် မြင်လာအောင် ကြိုးစားရိုက်ကူးပြထားတဲ့ အီတလီရုပ်ရှင်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Thura Aung မှ တင်ဆက်ထားပါတယ်။) File size…(6 GB )/(2.4 GB) Quality….BluRay 1080p / 720p Format…mp4 Duration….02:41:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Thura Aung
ဇာတ်လမ်းအကြောင်း