Double XL
ရာဂျ်ရှရီနဲ့ ဆိုင်ရားတို့မှာ ကိုယ်စီလိုချင်တဲ့ အနာဂတ်တစ်ခု ရှိကြပါတယ်။ ရာဂျ်ရှရီက ဒေလီမြို့မှာ အားကစားအစီအစဉ်တင်ဆက်သူ ဖြစ်ချင်ပြီး အင်တာဗျူးဖြေရမယ့်အချိန်ကို စောင့်နေသူပါ။ ဒေလီမှာနေတဲ့ ဆိုင်ရားကတော့ သူ့ဒီဇိုင်းတွေကို နိုင်ငံတကာအထိ ရောက်စေချင်လို့ ခရီးသွားဖက်ရှင်ဗီဒီယိုတစ်ခု တင်ဆက်ဖို့ စိတ်ကူးထားပြီး လိုအပ်တဲ့ ရန်ပုံငွေရဖို့ စောင့်နေပါတယ်။ နှစ်ယောက်စလုံးဟာ ကိုယ်ခန္ဓာပြည့်ဖြိုးသူတွေဖြစ်ပြီး အိပ်မက်တွေဆီ လျှောက်လှမ်းရာမှာ ဘဝအခက်အခဲတွေအပြင် ရုပ်ရည်နဲ့ ခန္ဓာကိုယ်အပေါ် ကဲ့ရဲ့ထိုးနှက်မှုတွေကိုပါ ရင်ဆိုင်ရဦးမှာပါ။ ဒီစကားတွေကို သူတို့ ခံနိုင်ရည်ရှိပါ့မလား၊ ကိုယ်စီရဲ့အိပ်မက်တွေကိုရော အကောင်အထည်ဖော်နိုင်ပါ့မလားဆိုတာနဲ့ ဇာတ်လမ်းကို ဆက်ထားပါတယ်။ ဆိုနခ်ရှီးဆင်ဟားနဲ့ ဟူမာကူရေရှီးတို့ အဓိကပါဝင်ထားတဲ့ ဒီဇာတ်ကားက ခန္ဓာကိုယ်ပုံစံကြောင့် လူတစ်ယောက်ကို နှိမ်ချဆက်ဆံတာအကြောင်း တင်ပြထားပါတယ်။ ကိုယ့်ဖြစ်တည်မှုကို လက်ခံပြီး ကိုယ့်ဆန္ဒအတိုင်း ဘဝကိုလျှောက်လှမ်းဖို့လည်း တိုက်တွန်းထားပါတယ်။
ဇာတ်လမ်းအကြောင်း