ဇာတ်ကားများ ရွေးရန်

Lost in Saigon

2016ဇာတ်ကား100 မိနစ်

ဒီမိသားစုမှာ ဇနီးက ကလပ်မှာ သီချင်းဆိုပြီး အိမ်ရဲ့ဝင်ငွေကို ရှာပေးနေသူပါ။ ခင်ပွန်းကတော့ ကလေးထိန်း၊ ဟင်းချက်၊ အဝတ်လျှော်နဲ့ အိမ်မှုကိစ္စတွေကို တာဝန်ယူထားပါတယ်။ ဇနီးဖြစ်သူမှာ ငယ်ငယ်ကတည်းက နာမည်ကြီးအဆိုတော် ဖြစ်ချင်တဲ့ အိပ်မက်ရှိပြီး တစ်နေ့မှာ အမျိုးသားတစ်ယောက်က သူ့ကို ငွေကြေးပံ့ပိုးပေးမယ်လို့ ပြောလာတယ်။ သူက အဆိုတော်အဖြစ် နာမည်မကြီးခင် ရင်သားအလှပြုပြင်ခွဲစိတ်ဖို့ စိတ်ကူးလာပြီး ငွေလိုနေတာကြောင့် ခင်ပွန်းပေးထားတဲ့ လက်ထပ်လက်စွပ်ကို ရောင်းဖို့ လုပ်ပါတယ်။ ဒီကိစ္စနဲ့ လင်မယား စကားများကြရာက ရွှေဆိုင်ကို ရောက်သွားတယ်။ ကံဆိုးချင်တော့ သူတို့ရောက်နေချိန်မှာပဲ ရွှေဆိုင်ကို ဓားပြဝင်တိုက်လို့ မျက်မြင်သက်သေတွေ ဖြစ်သွားကြပါတယ်။ ဓားပြတွေနဲ့ ဒီမိသားစု ဘယ်လိုဆက်ကြုံကြရမလဲ၊ လက်စွပ်ရောင်းမယ့်ကိစ္စကနေ စကားများထားတဲ့ လင်မယားနှစ်ယောက်ရဲ့ အိမ်ထောင်ရေးကရော ဘယ်လိုဖြစ်လာမလဲဆိုတာကို ဟာသတွေနှောပြီး ပြထားတဲ့ ဗီယက်နမ်မိသားစုဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်း