Ratsasan
ကြည့်ဖူးတဲ့ တမီလ် ကား တွေထဲမှာတော့ဒီကားကလုံးဝကိုကွဲပြားပါတယ် ကားတော်တော်များများကအိုဗာတွေလုပ်ပြလွန်းပေမယ့် ဒီကားကတော့တစ်ကယ့်လက်ရာကောင်းပါ ဇာတ်လမ်းကရုပ်ရှင်ဒါရိုက်တာရူးရူးနေတဲ့လူငယ်တစ်ယောက်ဟာ ဒါရိုက်တာဖြစ်ဖို့ကြိုးစားသမျှတွေဘာမှဖြစ်မလာတဲ့အခါမှာ သူ့အဖေရဲ့ဂုဏ်ကိုထိန်းတဲ့အနေနဲ့ ရဲတစ်ယောက်ဖြစ် လာခဲ့ပါတယ် တစ်ချိန်တည်းမှာပဲ စိတ္တဇ လူသတ်သမားတစ်ယောက်ရဲ့ မိန်းကလေးတွေကို တစ်ယောက်ပြီးတစ်ယောက် ရက်ရက်စက်စက်သတ်တဲ့အမှုတွေပေါ်လာပါတယ် လူသတ်သမားဟာကျောင်းသူလေးတွေကိုဖမ်းခေါ်သွားပြီး အတိုင်းအမှတ်အသားအနေနဲ့လက်ဆောင်ဘူးလေးတစ်ဘူးအမြဲထားခဲ့ပါတယ် အဖမ်းခံရပြီးနှစ်ရက်မြောက်တဲ့နေ့ရောက်တိုင်းမှာကလေးတွေရဲ့ အလောင်းကိုအများပိုင်နေရာတွေမှာကြွပ်ကြွပ်အိတ်နဲ့ပတ်ပြီးပစ်ထားတာတွေ့ရပါတယ် ပုံမှန်လူသတ်မှုတွေဆိုတာ အသတ်ခံရသူနဲ့နီးစပ်ရာအသိုင်းအဝိုင်းတွေထဲက သံသယရှိသူကိုရှာပြီးစစ်လိုက်ရင်အမှုပေါ်နိုင်ပေမယ့် စိတ္တဇလူသတ်သမားဆိုတာကတော့ အသတ်ခံရသူတွေနဲ့ဘာပတ်သတ်မှုမှမရှိပဲ သူ့စိတ်ဒဏ်ရာကြောင့် သတ်ရတာကိုအရသာတွေ့လို့ ဘယ်သူ့ကိုမဆိုလိုက်သတ်တာမျိုးပါ ဒီလိုလူသတ်သမားမျိုးနဲ့ကြုံလာတဲ့အခါမှာ အရင်အမှုလိုက်နေကြပုံစံတွေတစ်ခုမှုအလုပ်မဖြစ်တော့ပဲ ရဲတွေခေါင်းခဲလို့လာရပါတယ် ဒီအချိန်မှာ စိတ်ကူးစိတ်သန်းကောင်းတဲ့ဒါရိုက်တာရူး ရဲပေါက်စဟာ အမှုအပေါ်ရှုထောင့်တစ်မျိုးကနေကြည့်ပြီး တရားခံကို တဖြည်းဖြည်းရုပ်လုံးပေါ်လာအောင်ကြိုးစားခဲ့ပါတယ် လူသတ်သမားနဲ့အန္တရာယ်များတဲ့ ကစားပွဲတစ်ခုကိုဖန်တီးပြီးဖမ်းဆီးဖိ့ု်ကြိုးစားရာမှာ အဆုံးအရှုံးတွေကလည်းအရမ်းများခဲ့ပါတယ် ဇာတ်လမ်းကအစအဆုံးစိတ်ဝင်စရားကောင်းလွန်းလို့ နှစ်နာရီခွဲဘယ်လိုကုန်သွားမှန်းတောင်သိလိုက်မှာမဟုတ်ဘူး ........................................................ သီချင်းတွေဆိုတာ မကြိုက်တဲ့သူတွေအတွက်သီချင်းတိုတိုလေးနှစ်ခုပဲပါတယ်နော် ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားတာကတော့ Chanyein Soe ဖြစ်ပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်
ဇာတ်လမ်းအကြောင်း