ဇာတ်ကားများ ရွေးရန်

Roald Dahl's Matilda the Musical

2022ဇာတ်ကားအမှတ် 6.8/10117 မိနစ်

မာတေလ်ဒါဟာ မိဘတွေရဲ့ မလိုလားမှုကို ခံနေရတဲ့ ကလေးမလေးပါ။ မိဘတွေက ကျောင်းမထားပေးလို့ ကျောင်းမတက်ရသေးပေမယ့် အသိအန်တီတစ်ယောက်ရဲ့ အကူအညီနဲ့ စာဖတ်ဝါသနာပါလာခဲ့တယ်။ စာဖတ်ရတာ ကြိုက်သလို ပုံပြင်ပြောရာမှာလည်း တော်တဲ့ကလေးပါ။ တစ်နေ့မှာတော့ စစ်ဆေးရေးကြောင့် မိဘတွေက မာတေလ်ဒါကို မဖြစ်မနေ ကျောင်းထားပေးရတော့တယ်။ ကျောင်းသားတွေရဲ့ အပြောအရ အဲဒီကျောင်းက ထောင်ကြီးတစ်ခုလိုပါပဲ။ ဖြတ်ထိုးဉာဏ်ကောင်းပြီး မတရားဘူးလို့ ခံစားရရင် ညစ်ကျယ်ကျယ်လုပ်တတ်တဲ့ မာတေလ်ဒါနဲ့ နာမည်ဆိုးထွက်နေတဲ့ ကျောင်းအုပ်ကြီး ထရွန့်ရှ်ဘူးလ်တို့ ထိပ်တိုက်တွေ့ကြတဲ့အခါ ကျောင်းတက်ရတဲ့နေ့တွေက ဘယ်လိုဖြစ်လာမလဲ။ Roald Dahl ရဲ့ Matilda ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပြီး ဇာတ်ကွက်တွေကို စကားပြောခန်းတွေနဲ့အတူ သီချင်းတွေပါ တွဲဖက်ပုံဖော်ထားပါတယ်။

ဇာတ်လမ်းအကြောင်း