ဇာတ်ကားများ ရွေးရန်

Big Fat Liar

2002ဇာတ်ကားအမှတ် 5.8/1088 မိနစ်

Imdb - 5.5/10 ၂၀၀၂ ခုနှစ်​က ထွက်ရှိ​ခဲ့တဲ့​ ဒီဇာတ်ကားလေးက အမေရိကန်​ ဆယ်​ကျော်​သက်​ဟာသ ရုပ်ရှင်​ဖြစ်ပါတယ်။ Agent Cody Banks ရုပ်ရှင်​တွေမှာ အဓိက​ဇာတ်​ကောင်​အဖြစ်​ ပါဝင်​သရုပ်ဆောင်​ခဲ့တဲ့ Frankie Muniz က ဒီ​ဇာတ်​ကားထဲမှာ​Jason အဖြစ်​ ပါဝင်​ထားပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့​ Jason က Greenbury မြို့​မှာနေထိုင်တဲ့ ၁၄ နှစ်အရွယ်​ ဆယ်ကျော်သက်တစ်ဦးဖြစ်ပြီး လုပ်​ကြံ​ဇာတ်လမ်း​တွေ ဖန်တီး​လိမ်လည်တဲ့နေရာမှာ ထူးချွန်​သူဖြစ်ပါတယ်။ တစ်နေ့မှာ​ ဆရာမ ပေးလိုက်​တဲ့ အိမ်စာဖြစ်တဲ့ အင်္ဂလိပ်​စာ အက်​ဆေးကို အချိန်​မီထပ်ဖို့ ကျောင်း​ကို​အသွား Marty Wolf ဆိုတဲ့​ သြဇာကြီး ဟောလီးဝုဒ် ပရိုဂျူဆာ တစ်​ဦးရဲ့ ကားနဲ့တိုက်မိပါတယ်။ Marty က Jason ကို ကျောင်း​အထိလိုက်ပို့ပေးပေမဲ့ Jason ရဲ့ အိမ်စာအက်ဆေးက ကား​ထဲမှာကျန်ခဲ့ပါတယ်။ အိမ်စာမထပ်နိုင်လို့ Jason လည်း နွေရာသီ​ အချိန်​ပိုကျောင်း တက်​လိုက်​ရပြီး အဲဒီ​အချိန်​မှာ Marty Wolf ကတော့ Jason ရဲ့ အက်​ဆေးထဲက ဇာတ်လမ်း​ကို Big Fat​Liar​ လို့ အမည်​ရတဲ့ ရုပ်ရှင်​ကားကြီးအဖြစ် ရိုက်ကူး​ဖို့ ကြေငြာ​လိုက်ပါတယ်။ ဒီအကြောင်း​တွေကို​ Jason​ သိသွားတဲ့အခါမှာ သူငယ်​ချင်း​မိန်းကလေး​ဖြစ်သူ​ Kaylee နဲ့အတူ Marty​ Wolf နေထိုင်​ရာ ဟောလီးဝုဒ်​အထိ လိုက်သွားပြီး Marty​ Wolf​ ကို Jason ရဲ့ဇာတ်လမ်းကို ခိုးယူကြောင်း ဝန်​ခံခိုင်းပါတယ်။ Marty က လက်​မခံတဲ့အခါမှာတော့ သူငယ်ချင်း​နှစ်ယောက်​ Marty ကို နည်း​မျိုးစုံ​သုံး​ပြီး ပညူပြဖို့ ကြိုး​စား​ရပါတော့တယ်။ ၂၀၀၀ ခုနှစ်​ကျော်ကာလတွေက အဟုန်​ပြင်းပြင်းနဲ့ ထွက်​ရှိခဲ့တဲ့ Teen/Comedy ရုပ်ရှင်​တွေ​ထဲက တစ်ခု​ဖြစ်​ပြီး ဝင်​ငွေ​အရ​ အောင်မြင်​မှုရရှိခဲ့ပါတယ်။ နာမည်ကြီး​သရုပ်ဆောင်​ Paul Giamatti က ဘဝင်​မြင့်​မောက်​မာပြီး ဆောင့်ကြွားကြွားနိုင်တဲ့ ဟောလီးဝုဒ်​ထုတ်လုပ်​သူ Marty Wolf အဖြစ်​ ပါဝင်​ထားပါ​တယ်။ မိသားစု​နဲ့အတူ ကြည့်​ပျော်​တဲ့ ပေါ့ပေါ့ပါးပါး ဟာသရုပ်ရှင်လေးတစ်ခုဖြစ်ပါတယ်။ File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre...  Family, Comedy, Adventure  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Wolfenheim

ဇာတ်လမ်းအကြောင်း