ဇာတ်ကားများ ရွေးရန်

How to Steal a Dog

2014ဇာတ်ကားအမှတ် 7.3/10109 မိနစ်

ဂျီဆူဆိုတဲ့ ကလေးမလေးတို့ မိသားစုဟာ နေစရာအိမ်မရှိလို့ ကားထဲမှာ နေထိုင်နေကြရပါတယ်။ ဝမ်ငါးသန်းရှိရင် အိမ်တစ်လုံး ဝယ်လို့ရမယ်လို့ ဂျီဆူ ထင်သွားတဲ့အခါ အဲဒီငွေကို ရဖို့ နည်းလမ်းတစ်ခု ကြံစည်လိုက်တယ်။ သူငယ်ချင်းနဲ့အတူ ခွေးတစ်ကောင် ခိုးဖို့ပါ။ သူတို့စိတ်ကူးက ခွေးပိုင်ရှင်က ခွေးပျောက်ကြော်ငြာထုတ်ပြီး ဆုကြေးဝမ်ငါးသန်းပေးမယ်ဆိုရင် ခွေးကို ပြန်အပ်ဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် ခိုးလာတဲ့ခွေးက ဂျီဆူ့အမေ အလုပ်လုပ်ဖူးတဲ့ မာရစ်ချယ်စားသောက်ဆိုင်ပိုင်ရှင်ရဲ့ ခွေးဖြစ်နေတယ်။ အခြေအနေတွေက ထင်သလောက် မရိုးရှင်းတော့တဲ့အခါ ဂျီဆူ ဘယ်လိုဖြေရှင်းမလဲ၊ သူလိုချင်တဲ့ ဝမ်ငါးသန်းကိုရပြီး အိမ်တစ်လုံး ပိုင်ဆိုင်နိုင်ပါ့မလား။ ဇာတ်လမ်းအစမှာတော့ ကိုယ့်ဘဝ ပင်ပန်းခက်ခဲနေပေမယ့် ဒီလိုရင်ဆိုင်နေရသူဟာ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူးဆိုတဲ့ အကြောင်းကို Aesop ရဲ့ ပုံပြင်တစ်ပုဒ်နဲ့ မိတ်ဆက်ထားပါတယ်။

ဇာတ်လမ်းအကြောင်း