The Invitation
ဝယ်လ်နဲ့ သူ့ဇနီး ကီရာတို့ဟာ ဝယ်လ်ရဲ့ဇနီးဟောင်း အီဒန်နဲ့ သူ့ခင်ပွန်း ဒေးဗစ်တို့ ဖိတ်ထားတဲ့ ညစာစားပွဲကို သွားကြပါတယ်။ အဲဒီအိမ်က ဝယ်လ်အတွက် အတိတ်က အဖြစ်အပျက်တွေ ရှိခဲ့တဲ့နေရာဖြစ်ပြီး သူကလည်း အဲဒါတွေကို မမေ့နိုင်သေးပါဘူး။ ညစာစားပွဲမှာ အီဒန်နဲ့ ဒေးဗစ်တို့ရဲ့ အပြုအမူတွေ ထူးဆန်းနေတယ်လို့ ခံစားရပြီး ဝယ်လ် သံသယဝင်လာတယ်။ သူ သံသယရှိသလို သူတို့မှာ လျှို့ဝှက်ချက်တွေ တကယ်ရှိနေသလား၊ ဒီအိမ်နဲ့ ဆက်စပ်နေတဲ့ သူတို့ရဲ့အတိတ်မှာ ဘယ်လိုအဖြစ်ဆိုးတွေ ကြုံခဲ့ကြရသလဲဆိုတာကို တဖြည်းဖြည်း ဖော်ပြသွားပါတယ်။ ဒါရိုက်တာ Karyn Kusama ရိုက်ကူးထားတဲ့ လျှို့ဝှက်သည်းဖိုဇာတ်ကားဖြစ်ပြီး Logan Marshall-Green၊ Michiel Huisman၊ Tammy Blanchard နဲ့ Emayatzy Corinealdi တို့ ပါဝင်ထားပါတယ်။ သွေးထွက်သံယိုခန်းတွေနဲ့ ညစ်ညမ်းစကားလုံးတွေ ပါဝင်တာကြောင့် အသက်ငယ်တဲ့ ကလေးတွေအတွက် မသင့်လျော်ပါဘူး။
ဇာတ်လမ်းအကြောင်း