ဇာတ်ကားများ ရွေးရန်

Sweet Bobby: My Catfish Nightmare

2024ဇာတ်ကားအမှတ် 6.4/1082 မိနစ်

Sweet Bobby: My Catfish Nightmare 2024 IMDb - 6.4/10 နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုလိုဖြစ်လာတဲ့ ဆိုရှယ်မီဒီယာရဲ့ကြီးစိုးမှုအောက်မှာ အွန်လိုင်းချစ်သူဆိုတာ ထူးဆန်းတဲ့အရာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီကိစ္စမှာ မေးစရာရှိတာက အွန်လိုင်းပေါ်ကဘဝက လက်တွေ့နဲ့ ဘယ်လောက်ထိထပ်တူကျလဲ။ ကိုယ်ကသိပ်ချစ်ပါတယ်ဆိုတဲ့ အွန်လိုင်းချစ်သူအကြောင်းကိုရော ကိုယ်ဘယ်လောက်သိလဲ? သူတို့စကားထဲက သူတို့အကြောင်းတွေကရော တကယ်ပဲသူတို့အကြောင်းလား? သူတို့ကတကယ်ပဲ ဘယ်သူတွေလဲ? ဒါပေမဲ့ ကျွန်တော်တို့အားလုံးဟာ ချစ်မိသွားရင် စုံလုံးကန်းကြတာဆိုတော့ သိစိတ်ရဲ့ထောင့်တစ်နေရာက မေးခွန်းထုတ်မိရင်တောင် နှလုံးသား တရားသူကြီးရဲ့စီရင်ချက်အောက်မှာ ဒီသံသယမေးခွန်းတွေဟာ မကြာခဏဆိုသလို သေဒဏ်ပေးခံလိုက်ရတတ်ပါတယ်။ ဒါကလည်း Catfisherဆိုတဲ့ အွန်လိုင်းပေါ်မှာ အချက်အလက်အတုတွေနဲ့ အချစ်ကိုညာယူတတ်သူတွေ သုံးနေကြအကွက်ပေါ့။ အခုတင်ဆက်ပေးမှာကတော့ BBCရဲ့ Sweet Bobby ဆိုတဲ့ အပိုင်းဆက်podcastကို Documentary movieပြန်ရိုက်ထားတဲ့ ဇာတ်လမ်းလေးတစ်ခုဖြစ်ပြီး အချိန်အကြာဆုံး Catfishလုပ်ခံရသူတွေထဲကတစ်ယောက်ဖြစ်တဲ့ ဆယ်စုနှစ်တစ်ခုနီးပါ ဘော်ဘီဆိုတဲ့လူလိမ်ရဲ့ အလိမ်အညာရေယဉ်ကြောမှာ မျောပါခဲ့ရတဲ့ သူ့ရဲ့ဇာတ်ကြောင်းကို သင်ခန်းစာရဖွယ် ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni ~ V ~ Alex ~ Bluri တို့ပဲ ဖြစ်ပါတယ်) File size… 808 MB / 369 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ V ~ Alex ~ Bluri

ဇာတ်လမ်းအကြောင်း