ဇာတ်ကားများ ရွေးရန်

Troll Hunter

2010ဇာတ်ကားအမှတ် 6.7/10103 မိနစ်

သောမတ်စ်တို့ ကျောင်းသားတစ်စုဟာ ကျောင်းပရောဂျက်အတွက် မှတ်တမ်းရိုက်ဖို့ ဝက်ဝံတွေ မကြာခဏ အသတ်ခံနေရတယ်ဆိုတဲ့ နေရာကို ရောက်လာကြပါတယ်။ ရိုက်ကူးနေရင်း သူတို့စုံစမ်းနေတဲ့ကိစ္စဟာ သာမန်ဝက်ဝံသေဆုံးမှုတွေထက် ပိုပြီးရှုပ်ထွေး၊ ပိုပြီးခြောက်ခြားစရာကောင်းနေတာကို တွေ့လာကြတယ်။ အဲဒီမှာ ဆုံမိတဲ့ ထူးဆန်းတဲ့ မုဆိုးတစ်ယောက်နောက်ကိုလည်း သူတို့ လိုက်သွားကြပါတယ်။ ဇာတ်လမ်းထဲက Troll တွေဟာ နော်ဝေဒဏ္ဍာရီလာ ဘီလူးတွေပါ။ သူတို့ကို တစ်ကောင်တည်းဖြစ်ဖြစ်၊ အစုအဖွဲ့နဲ့ဖြစ်ဖြစ် အေးအေးဆေးဆေး နေတတ်တဲ့အကောင်တွေလို့ ပြောကြသလို မကောင်းဆိုးဝါးတွေလို့လည်း ဆိုကြပါတယ်။ ဒီကားထဲမှာတော့ Troll တွေက ခရစ်ယာန်တွေကို ရန်ပြုတတ်ပြီး ကျောင်းသားအဖွဲ့ထဲမှာ ခရစ်ယာန်တစ်ယောက် ပါနေတယ်။ မုဆိုးနောက်လိုက်ရင်း ဘာတွေတွေ့ကြမလဲ၊ အသက်အန္တရာယ်တွေကို ဘယ်လိုကျော်ဖြတ်ကြမလဲဆိုတာကို မှတ်တမ်းတင်ရုပ်ရှင်ပုံစံနဲ့ ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း