Witch Hunt
စုန်းတွေ တကယ်ရှိပြီး စုန်းအတတ်ကို ဥပဒေနဲ့ တားမြစ်ထားတဲ့ ခေတ်သစ်အမေရိကမှာ ကလယ်ရာဟာ အမေ မာသာ၊ အမြွှာမောင်လေးနှစ်ယောက်တို့နဲ့ နေထိုင်ပါတယ်။ သူတို့အိမ်က နယ်စပ်ဖြတ်ပြီး မက္ကဆီကိုကို သွားမယ့် စုန်းတွေကို တစ်ညတာ တည်းခိုခွင့်ပေးတဲ့အိမ်ပါ။ တစ်ရက်မှာ စုန်းညီအစ်မနှစ်ယောက် သူတို့အိမ်ကို ရောက်လာကြတယ်။ အဲဒီအချိန်မှာပဲ စုန်းတွေကို မက္ကဆီကိုဘက် ပို့ပေးနေသူကို စုံထောက်က ဖမ်းမိသွားတာကြောင့် ညီအစ်မနှစ်ယောက် ကလယ်ရာတို့အိမ်မှာ သောင်တင်သွားပါတယ်။ စုန်းအတတ်ကို ရာဇဝတ်မှုလို့ သတ်မှတ်ထားတဲ့ အသိုင်းအဝိုင်းကြားမှာ သူတို့ကို ဆက်ဝှက်ထားနိုင်ပါ့မလား။ ကလယ်ရာတို့မိသားစုကရော စုန်းတွေနဲ့ ဘယ်လိုဆက်စပ်နေသလဲဆိုတာကို ဇာတ်လမ်းက ဆက်ဖော်ပြထားပါတယ်။
ဇာတ်လမ်းအကြောင်း