ဇာတ်ကားများ ရွေးရန်

At War for Love

2016ဇာတ်ကားအမှတ် 7.3/1099 မိနစ်

ဒီဇာတ်လမ်းလေးဟာ ဒုတိယကမ္ဘာစစ်အတွင်း waterကို အသံမထွက်တတ်ဘဲ warလို့မှားထွက်မိလို့စစ်တပ်ထဲရောက်လာတဲ့အူကြောင်ကြောင် အီတလီစစ်သားလေးတစ်ယောက်အကြောင်းပါ … ဒါပေမယ့်လည်းဖြစ်ပုံက အဲ့ဒီနေ့က သူ့ကောင်မလေးကိုလက်ထပ်ခွင့်ရဖို့အတွက် ပင်လယ်ခြားနေတဲ့စီစလီမြို့ကသူမရဲ့အဖေဆီ သွားပြီးခွင့်တောင်းရမှာပါ… ဒါပေမယ့် စားပွဲထိုးငမွဲလေးဖြစ်တဲ့အာတူရိုဟာ သွားဖို့ရာ ကားခသင်္ဘောခလေးတောင်မတတ်နိုင်တဲ့အတွက် စိတ်ညစ်ညစ်နဲ့ ဘားသွားပါလေရော… ဘားလည်းရောက်ရော ရေတောင်းတာ Waterကိုအသံမထွက်တတ်ဘဲ warလို့ထွက်မိတဲ့အတွက် စစ်တပ်ထဲအူကြောင်ကြောင်နဲ့ရောက်သွားပါတယ်... ဒါပေမယ့်လည်း စစ်တပ်က စီစလီမြို့ကိုတပ်ကူလွှတ်လိုက်တဲ့အတွက် ရေငတ်တုန်းရေတွင်းထဲကျပြီး စီစလီမြို့ကိုဆိုက်ဆိုက်မြိုက်မြိုက်ကြီးကိုရောက်သွားပါတော့တယ်... စီစလီမြို့အရောက်မှာတော့ သူ့ချစ်သူရဲ့ဖခင်ကိုရှာဖွေရင်း ဘာတွေဆက်ဖြစ်ကြမလဲ…… နိုင်ငံကိုပေးဆပ်ဖို့စစ်တပ်ထဲဝင်လာတဲ့သူရဲကောင်းအရာရှိကြီးဖီးလစ်… ဗုံးစောင့်ကြည့်ပေးရတဲ့ မျက်မမြင်နဲ့ ထော့ကျိုးအတွဲ… စစ်တိုက်ထွက်သွားတဲ့ခင်ပွန်းဖြစ်သူကိုစောင့်မျှော်နေတဲ့မိသားစုလေး… စတဲ့သူတို့ရဲ့စစ်အတွင်း ဘဝလေးတွေကိုဟာသနှောလိုက် ငိုချင်အောင်လုပ်လိုက်နဲ့ ပရိသတ်ကိုနည်းမျိုးစုံနဲ့စိတ်ကျေနပ်မှုပေးထားတဲ့ကားလေးပါ… သဘာဝကျကျ ခွီရတဲ့အခန်းတွေတော့ သိပ်ကိုသဘောကျရပါတယ်…… အနှစ်ချုပ်ပြောရင်တော့ တကယ်ကြည့်လို့အရမ်းကောင်းတဲ့ကားလေးတစ်ကားပါ... Quality…..BluRay 720p Duration…..01:39:00 Format…Mp4 File Size…(807 MB , 302 MB) Translator…..May Thazin Myint Encoder…..Moe Myint Lwin

ဇာတ်လမ်းအကြောင်း