ဇာတ်ကားများ ရွေးရန်

The Big Hit

1998ဇာတ်ကားအမှတ် 5.9/1091 မိနစ်

မယ်ဗင်ဟာ အလုပ်မှာတော့ တော်တဲ့ ကြေးစားလူသတ်သမားတစ်ယောက်ပါ။ ဒါပေမဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ဝိုင်းအနိုင်ကျင့်တာကို ခံနေရသလို အချစ်ရေးမှာလည်း ရည်းစားတွေရဲ့ လှည့်စားတာကို ခံနေရပါတယ်။ တစ်နေ့တော့ အတူအလုပ်လုပ်တဲ့ သူငယ်ချင်းတွေကြောင့် ခဲခိုဆိုတဲ့ ဂျပန်သူဌေးမွဲကြီးရဲ့ သမီးကို ပြန်ပေးဆွဲတဲ့အမှုထဲ ပါသွားတယ်။ ခဲခိုကို ပြန်ပေးဆွဲပြီးတဲ့နောက် မယ်ဗင် ဘယ်လိုအခက်အခဲတွေ ကြုံရမလဲ၊ အချစ်ရေးမှာ အမြဲလှည့်စားခံနေရတဲ့ သူတစ်ယောက် အချစ်စစ်ကို ရှာတွေ့ပါ့မလား၊ အသက်အန္တရာယ်တွေကနေရော လွတ်နိုင်ပါ့မလားဆိုတာကို အက်ရှင်၊ မှုခင်းနဲ့ ဟာသ ရောပြီး တင်ပြထားပါတယ်။ မယ်ဗင်အဖြစ် Mark Wahlberg က သရုပ်ဆောင်ထားပြီး ဂျက်ကီချမ်းရဲ့ Twin Dragons နဲ့ Crime Story တို့ကို ရိုက်ကူးခဲ့တဲ့ Kirk Wong က ဒါရိုက်တာအဖြစ် ရိုက်ကူးထားပါတယ်။

ဇာတ်လမ်းအကြောင်း