ဇာတ်ကားများ ရွေးရန်

Werewolf by Night

2022ဇာတ်ကားအမှတ် 7.0/1055 မိနစ်

စူပါဟီးရိုးတွေရှိတဲ့ မာဗယ်စကြဝဠာမှာ အမှောင်ထုထဲက ရှေးမိစ္ဆာကောင်တွေနဲ့ သူတို့ကို အမဲလိုက်တဲ့ မုဆိုးတွေလည်း ရှိကြပါတယ်။ နာမည်ကျော် ဘလက်ဒ်စတုန်းမိသားစုရဲ့ ခေါင်းဆောင် ယူလစ်ဆီ ဘလက်ဒ်စတုန်း သေဆုံးသွားတဲ့အခါ မိသားစုပိုင် သွေးကျောက်တုံးကို ဆက်ခံမယ့် မုဆိုးတစ်ယောက် ရွေးဖို့လိုလာတယ်။ ဒီကျောက်တုံးက ကိုင်ဆောင်သူကို အသက်ရှည်စေပြီး ခွန်အားကြီးစေတာအပါအဝင် စွမ်းအားအမျိုးမျိုး ပေးနိုင်ပါတယ်။ ကျောက်တုံးကို ပိုင်ဆိုင်ချင်ကြတဲ့ နာမည်ကြီးမုဆိုးတွေဟာ အမဲလိုက်ပြိုင်ပွဲဆီ ရောက်လာကြတယ်။ အဲဒီမုဆိုးတွေကြားမှာ သမန်းဝံပုလွေနဲ့ ဘယ်လိုအဖြစ်အပျက်တွေ ကြုံလာကြမလဲဆိုတာကနေ ဇာတ်လမ်းဆက်သွားပါတယ်။ ဒစ္စနေးက ထုတ်လွှင့်တဲ့ ဒီတီဗီရုပ်ရှင်ဟာ မာဗယ်ရဲ့ သမန်းဝံပုလွေဇာတ်ကောင်ကို အခြေခံထားပြီး အဖြူအမည်းကို အဓိကသုံးကာ အရောင်ပါတဲ့အခန်းတချို့နဲ့ ဟော်ရာပုံစံ ရိုက်ကူးထားတာပါ။ The Nevers စီးရီးနဲ့ လူသိများတဲ့ Laura Donnelly လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း