ဇာတ်ကားများ ရွေးရန်

Raksha Bandhan

2022ဇာတ်ကားအမှတ် 7.2/10110 မိနစ်4K

ချန်ဒီချော့မြို့မှာ နေထိုင်တဲ့ လာလာကီဒါနသ်ဟာ မိဘတွေဆုံးပါးသွားပြီးနောက် ညီမလေးယောက်ကို ကျွေးမွေးပြုစုလာတဲ့ အစ်ကိုကြီးပါ။ အရှေးကူမား သရုပ်ဆောင်ထားတဲ့ လာလာအတွက် ညီမတွေ အရွယ်ရောက်လာတဲ့အခါ သူတို့ကို အိမ်ထောင်ချပေးဖို့က တာဝန်ကြီးတစ်ခု ဖြစ်လာပါတယ်။ ဇာတ်လမ်းမှာ ဖော်ပြထားတဲ့ သတို့သမီးဘက်က တင်တောင်းငွေပေးရတဲ့ ဓလေ့ကြောင့် သမီးရှင်မိသားစုတွေဟာ ငွေကြေးအတွက် အတော်ရုန်းကန်ကြရတယ်။ သမီးဖြစ်သူ ယောက္ခမအိမ်မှာ မျက်နှာမငယ်ရအောင် တင်တောင်းငွေများများ ပေးကြရသလို၊ တချို့သတို့သားရှင်တွေက လက်ထပ်ပြီးနောက် ပွဲတော်အခါသမယတွေမှာပါ ထပ်တောင်းတတ်ကြသေးတယ်။ မပေးနိုင်တဲ့အခါ သမီးဖြစ်သူမှာ စိတ်မချမ်းသာရဘဲ သိမ်ငယ်နေရတာပါ။ ဒီဝန်ထုပ်ဝန်ပိုးက ညီမလေးယောက်ကို စောင့်ရှောက်ထားရတဲ့ လာလာအပေါ်လည်း ကျရောက်လာတယ်။ တစ်ဖက်မှာ သူ့ချစ်သူကလည်း လက်ထပ်ဖို့ တောင်းဆိုနေပါပြီ။ ဒါပေမယ့် လာလာက ညီမလေးယောက်ကို မင်္ဂလာဆောင်ပေးပြီးမှ ကိုယ်တိုင်အိမ်ထောင်ပြုမယ်လို့ မိခင်မဆုံးခင် ကတိပေးခဲ့ဖူးတယ်။ မိခင်ကိုပေးထားတဲ့ ကတိတည်ဖို့ အားထုတ်နေတဲ့ လာလာဟာ အဲဒီကတိကို ဖြည့်ဆည်းနိုင်ပါ့မလား၊ သူ့အချစ်ရေးကရော ဖြောင့်ဖြူးနိုင်ပါ့မလား။ မိသားစုအတွက် သူကြိုးစားရတဲ့အကြောင်းကို အလွဲအချော်တွေ၊ လောကဓံကြောင့် ကြုံရတဲ့ ဝမ်းနည်းစရာတွေနဲ့ တွဲဖော်ပြထားတဲ့ မိသားစုဟာသဒရာမာပါ။

ဇာတ်လမ်းအကြောင်း