ဇာတ်ကားများ ရွေးရန်

Brothers

2024ဇာတ်ကားအမှတ် 6.4/1088 မိနစ်

မိသားစုတွေအများစုမှာ မျိုးရိုးစဉ်ဆက် Profession တွေရှိ ကြတယ်။ တချို့မိသားစုတွေက ရှေ့နေမျိုးရိုးဆွေ၊ တချို့က ဆရာဝန်မျိုးရိုးတွေ။ မန်ဂါမိသားစုကတော့ မျိုးရိုးစဉ်ဆက်မှာ ဆိုးပေ့မိုက်မေ့ဆိုတဲ့ ဒုစရိုက်မှုမှန်သမျှအကုန်လုပ်တဲ့ မိသားစုပါ။ အမြွှာညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ ဂျူဒီ နဲ့ မုခ် က ငယ်စဉ်ကတည်းက မိသားစုဆီကနေ သင်ယူခဲ့ရတဲ့ သင်ခန်းစာတွေကြောင့် ခိုးဝှက်တဲ့ အလုပ်တွေမှာ လက်စွမ်းထက်တယ်။ သူတို့အမေဖြစ်သူက တစ်ရက်မှာ ဓားပြတိုက်ရင်း ရဲလက်ကနေ ထွက်ပြေးရတာကြောင့် ကိုယ့်ဝမ်းကိုယ်ကျောင်းဖို့ ဖြစ်လာပါ တော့တယ်။ ဒီလိုနဲ့ တစ်ရက်မှာပဲ စက်ရုံတစ်ရုံကိုဝင်ခိုးနေရင်း အဖမ်းခံရပြီး အစ်ကိုဖြစ်သူ ဂျေဒီက ထောင်ကျသွားပါတော့တယ်။ ဂျေဒီ ထောင်က ပြန်လွတ်လာချိန်မှာတော့ ပျက်စီးသွားတဲ့ဘဝကို ပြန်အဖတ်ဆည်ဖို့ ကြိုးစားပါတော့တယ်။ ညီဖြစ်သူမုခ်ကတော့ အိမ်ထောင်ကျပြီး ကလေးတစ်ယောက်ရကာ ဘဝကို တည်တည် ငြိမ်ငြိမ်နဲ့ဖြတ်သန်းနေခဲ့ပါပြီ။ ဒီဇာတ်လမ်းလေးမှာတော့ ညီအစ်ကိုနှစ်ယောက်ပေါင်းပြီး နောက်ဆုံး မစ်ရှင်လေးတစ်ခု လုပ်ကြချိန်မှာ ကြုံတွေ့ရမဲ့ အလွဲတွေနဲ့ မိသားစုတွင်း ဆက်ဆံရေးတွေကို ဟာသနဲ့အက်ရှင်ရောကာ ကြည့်ရှုခံစားကြရမှာပဲ ဖြစ်ပါတယ်။ File size…2.90GB / 1.01GB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 29m Genre ….. Action , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

ဇာတ်လမ်းအကြောင်း