Yashoda
ဟောလိဝုဒ်နာမည်ကြီး မင်းသမီးတစ်ယောက် အိန္ဒိယကို ရောက်လာပြီး ထူးထူးဆန်းဆန်း သေဆုံးသွားပါတယ်။ တစ်ဖက်မှာလည်း အိန္ဒိယသူဌေးကြီးတစ်ယောက်နဲ့ သူ့ချစ်သူ၊ Miss India Pageant က ထိပ်တန်းမော်ဒယ် အာရူရှီတို့ ကားမတော်တဆမှုနဲ့ သေဆုံးသွားကြတယ်။ သူတို့နှစ်ယောက်ရဲ့ သေဆုံးမှုက ရိုးရိုးမတော်တဆမှုလား၊ နောက်ကွယ်မှာ တခြားအကြောင်းတွေ ရှိနေသလားဆိုတာ စုံစမ်းစရာဖြစ်လာပါတယ်။ လိုက်စစ်ကြည့်တဲ့အခါ အာရူရှီဟာ ကြော်ငြာလက်မခံခင် ပစ္စည်းအကြောင်း စစ်ဆေးတတ်သူဖြစ်တာကို သိလာရတယ်။ သူ့မေးလ်တွေထဲမှာလည်း ပစ္စည်းတစ်ခုက သံသယဝင်စရာရှိလို့ စာချုပ်မချုပ်ဖို့ သတိပေးထားတဲ့ မေးလ်တစ်စောင် တွေ့ရပါတယ်။ အဲဒီပစ္စည်းကို ထုတ်လုပ်သူက နိုင်ငံအကြီးအကဲတစ်ယောက်နဲ့ ဆက်စပ်နေသူပါ။ တစ်ချိန်တည်းမှာ ယာရှိုဒါက ညီမလေးရဲ့ ခွဲစိတ်စရိတ်အတွက် အငှားကိုယ်ဝန်ဆောင်ဖို့ လုပ်နေပါတယ်။ သူ့သားအိမ်အားနည်းချက်ကြောင့် ဒီတစ်ကြိမ်ပဲ ကိုယ်ဝန်ဆောင်နိုင်တော့မယ့်အကြောင်းကို ဆရာဝန်က ဖုံးကွယ်ထားတယ်။ ဗိုက်ထဲက ကလေးအတွက်ဆိုပြီး ယာရှိုဒါကို အသုံးအဆောင်အစုံအလင်ရှိတဲ့ အမည်မသိနေရာတစ်ခုမှာ ပိတ်ထားပါတယ်။ အဲဒီမှာ ဆရာဝန်တွေ၊ ကြီးကြပ်သူတွေ၊ အစောင့်တွေအပြင် မဝင်ရတဲ့နေရာတွေနဲ့ လျှို့ဝှက်ချက်တွေလည်း ရှိနေတယ်။ အချိန်နဲ့နေရာမတူဘဲ ဖြစ်ပျက်နေတဲ့ ဒီကိစ္စတွေကြားမှာ ဘယ်လိုဆက်စပ်မှုတွေ ရှိနေမလဲ။
ဇာတ်လမ်းအကြောင်း