ဇာတ်ကားများ ရွေးရန်

Zombie Chikadees

2022ဇာတ်ကားအမှတ် 2.0/1085 မိနစ်

ငှက်လေ့ကျင့်ရေးဆရာ မောင်ရှန်းဟောင်ဟာ ဖီးနစ်ကျွန်းကို သွားရောက်ရင်း ဗီဇပြောင်းငှက်တွေရဲ့ တိုက်ခိုက်မှုကို ခံလိုက်ရပါတယ်။ လူတွေလည်း တစ်ယောက်ပြီးတစ်ယောက် ထူးထူးဆန်းဆန်း ပျောက်ဆုံးနေကြတယ်။ အဲဒီအချိန်မှာပဲ မြို့တော်က ချမ်းသာတဲ့ မုန့်အိမ်တော်ရဲ့ သခင်ကြီး သေဆုံးပြီး ဖုတ်သရဲအဖြစ် ပြန်နိုးလာတယ်ဆိုတဲ့ အဖြစ်တစ်ခု ပေါ်လာပါတယ်။ မောင်ရှန်းဟောင်က သခင်ကြီးဟာ ငှက်တစ်ကောင် တိုက်ခိုက်ခံရလို့ သေဆုံးခဲ့တာလို့ ကောက်ချက်ချတယ်။ ဒါပေမယ့် သူ့စကားကို ဘယ်သူမှ မယုံကြပါဘူး။ ကောလာဟလတွေကြောင့် မြို့သူမြို့သားတွေ ကြောက်လန့်စိတ်ရှုပ်လာကြပြီး အုံကြွမှုတွေပါ ဖြစ်လာတယ်။ မောင်ရှန်းဟောင်လည်း မုန့်အိမ်တော်ရဲ့ သခင်လေးဖြစ်သလို ညွှန်ကြားရေးမှူးချုပ်လည်းဖြစ်တဲ့ မုန့်ချန်နဲ့အတူ အမှန်တရားကို ရှာဖွေဖို့ ကြိုးစားပါတယ်။ ပြောနေကြတဲ့ ဖုတ်သရဲက တကယ်ရှိနေတာလား၊ ငှက်တွေကရော ဘာကြောင့် ဒီလိုတိုက်ခိုက်နေကြတာလဲ။

ဇာတ်လမ်းအကြောင်း