ဇာတ်ကားများ ရွေးရန်

Seven Psychopaths

2012ဇာတ်ကားအမှတ် 6.8/10110 မိနစ်

Seven Psychopaths (2012) ဆိုတဲ့ Comedy, Crime ဇာတ်ကားလေးကတော့ ရယ်ရသလို ကြည့်လို့လဲကောင်းပါတယ်။ နက်နက်နဲနဲတွေးချင်ရင်လည်း ရပါသေးတယ်။ ဒီဇာတ်ကားကို ကျွန်တော့်ဉာဏ်လေးမတောက် တခေါက်နဲ့ ညွှန်းလိုက်ရင်ပေါ့သွားမှာ ဆိုးလို့ ကောင်းတယ်၊ရယ်ရတယ် ဒီလောက်ပဲညွှန်းပါရစေ။ ဇာတ်လမ်းအကျဉ်းကတော့ အရူး ၇ ယောက်အကြောင်းကို ဇာတ််လမ်းရေးမယ့် စာရေးဆရာ အရက်သမားတစ်ယောက် ဇာတ်လမ်း စဉ်းစားရကြပ်နေပါတယ်။ နောက်တော့ ခွေးကို ပြန်ပေးဆွဲနေတဲ့ သူ့သူငယ်ချင်းနှစ်ယောက်နဲ့ အတူ ဇာတ်ရှုပ်တစ်ခုထဲကို ဝင်မိကြပါတယ်။ အဲဒီမှာ သူ့ဇာတ်လမ်းအတွက် အရူးတွေကို ထပ်တွေ့လာပြီး သူ့သူငယ်ချင်းနှစ်ယောက်က သူ့ဇာတ်လမ်းကို ဘယ်လိုကူရေးပေးကြမလဲ ကြည့်ရမှာပါ။ Rating တွေကလည်း ကောင်းပါတယ်။ IMDB 7.2 ရှိပြီး Rotten Tomatoes 82% ရရှိထားပါတယ်။ Translated & Review By D3mon Encoded By LK

ဇာတ်လမ်းအကြောင်း