Liberal Arts
၂၀၁၂ ခုနှစ်ထွက် အချစ်ဟာသဒရာမာ Liberal Arts မှာ Josh Radnor နဲ့ Elizabeth Olsen တို့ ပါဝင်ထားပါတယ်။ Josh Radnor သရုပ်ဆောင်ထားတဲ့ ဂျက်ဆီက ကျောင်းဝင်ခွင့်အရာရှိတစ်ယောက်ဖြစ်ပြီး အိမ်ထောင်ကွဲခါစမှာ အသည်းကွဲနေသူပါ။ ကျောင်းသားဘဝတုန်းက ဆရာဖြစ်ခဲ့တဲ့ ပီတာရဲ့ အငြိမ်းစားယူပွဲကို တက်ဖို့ ကောလိပ်တက်ခဲ့ရာဒေသဆီ ခဏပြန်လာရင်း ကျောင်းသူ ဇစ်ဘီနဲ့ ဆုံဖြစ်ကြတယ်။ ဇစ်ဘီကလည်း ကောလိပ်မှာ တွဲလိုက်ပြတ်လိုက် ဖြစ်နေကြတဲ့ အချစ်ရေးမျိုးနဲ့ အသားမကျသူပါ။ အိမ်ထောင်ရေးတစ်ခု ပြိုကွဲထားတဲ့ ဂျက်ဆီနဲ့ ဇစ်ဘီတို့ဟာ အသက် ၁၈ နှစ် ကွာပေမယ့် အချိန်တိုအတွင်း ရင်းနှီးလာကြပါတယ်။ အချစ်နဲ့ ဘဝအပေါ် အတွေးတွေကို ထည့်သွင်းထားတဲ့ ဒီဇာတ်လမ်းမှာ သူတို့ဟာ ခဏတာပဲ ဆုံတွေ့ကြမယ့်သူတွေလား၊ ဘဝလက်တွဲဖော်တွေ ဖြစ်လာကြမလားဆိုတာ ဆက်ကြည့်ရမှာပါ။
ဇာတ်လမ်းအကြောင်း