ဇာတ်ကားများ ရွေးရန်

Black

2024ဇာတ်ကားအမှတ် 6.7/10115 မိနစ်

Black 2024 (အမှောင်လောက) ဟိုးတစ်ချိန်ပေါ့ ညအမှောင်အချိန်မှာ မိဘတွေက သဘောမတူလို့ ခိုးရာလိုက်ပြေးခဲ့တဲ့ စုံတွဲတစ်တွဲ၊ သူတို့ကို လိုက်ပြီးကူညီပေးနေတဲ့သူကတော့ သူတို့ရဲ့အချစ်ဆုံးသူငယ်ချင်းပေါ့။ သူငယ်ချင်းဖြစ်သူရဲ့ ကမ်းခြေအိမ်မှာ ပုန်းခိုပြီးတော့ နေခဲ့ကြတာပေါ့။ အဲဒီစုံတွဲမသိလိုက်တာကတော့ ကောင်မလေးဖြစ်သူကို သူငယ်ချင်းဖြစ်သူကလည်း တိတ်တိတ်လေးချစ်နေပြီးတော့ သူ့ဆီကို လာအကူအညီတောင်းမိတဲ့အတွက် ရင်ထဲမှာ အစိုင်အခဲတွေရှိနေတယ်ဆိုတာပါပဲ ..... လက်ရှိကာလအချိန်မှာတော့ လူငယ်စုံတွဲလေးဖြစ်တဲ့ ဗာဆန့်နဲ့ အာညာတို့ဟာ ဘားမှာ ပြဿနာဖြစ်ခဲ့ပြီးတော့ အခုလက်ရှိအိမ်ကနေ ကမ်းခြေအိမ်ကို ပြောင်းရွေ့လာဖို့ ဖြစ်လာပါတော့တယ်။ သူတို့စုံတွဲ ကမ်းခြေအိမ်ကို ရောက်သွားတဲ့အခါမှာတော့ ဘယ်လိုကိစ္စတွေ ဖြစ်လာမလဲ...... ဟိုးတစ်ချိန်တုန်းက ခိုးရာလိုက်ပြေးခဲ့တဲ့ စုံတွဲနဲ့ ဗာဆန့်တို့စုံတွဲကရော ဘာတွေ ဆက်စပ်နေမလဲ ...... ဘယ်လို ရှုပ်ထွေးနက်နဲတဲ့ ပြဿနာတွေကြားထဲမှာ ဘယ်လို ခြောက်ခြားဖွယ်ရာတွေ ကြုံတွေ့ကြရမလဲဆိုတာကို ကြည့်ရှုရမယ့် Thriller ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်၊ (အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~V~Yunni~KKKZ~Linn ဖြစ်ပါတယ်) File size… 1.2 GB / 649 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 30min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ToMo~V~Yunni~KKKZ~Linn

ဇာတ်လမ်းအကြောင်း