Shiv Shastri Balboa
အငြိမ်းစားယူထားတဲ့ လက်ဝှေ့ပညာရှင်ကြီး ရှာစတီဟာ ရော့ကီရုပ်ရှင်ကို အလွန်နှစ်သက်သူပါ။ သူ့အောင်မြင်မှုတွေမှာလည်း ဒီရုပ်ရှင်ရဲ့ လှုံ့ဆော်မှုက အများကြီး ပါဝင်ခဲ့ပါတယ်။ ကျန်တဲ့ဘဝကို တစ်ဦးတည်းသောသားရှိရာ အမေရိကန်မှာ ကုန်ဆုံးဖို့ ဆုံးဖြတ်ပြီး ခရီးထွက်လာခဲ့တယ်။ ဒါပေမယ့် အိန္ဒိယနဲ့ မတူတဲ့ ဓလေ့တွေ၊ နေထိုင်ပုံတွေကြားမှာ အသားကျဖို့ မလွယ်ပါဘူး။ မိသားစုရှိရာကို ပြောင်းလာခဲ့ပေမယ့် အိမ်ကြီးထဲမှာ ခွေးလေးတစ်ကောင်နဲ့ပဲ အဖော်ပြုရင်း အချိန်ကုန်နေရပါတယ်။ အမေရိကန်မှာ ရှာစတီ ဘယ်လိုအခက်အခဲတွေ ထပ်ကြုံရဦးမလဲ၊ ဘယ်လိုအဖြစ်အပျက်တွေ ပေါ်လာမလဲဆိုတာကို ဟာသနှောပြီး ပြထားတဲ့ ၂၀၂၃ ခုနှစ်ထွက် မိသားစုဒရာမာပါ။ မင်းသားကြီး Kher နဲ့အတူ Jugal Hansraj၊ Nargis Fakhri တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း