ဇာတ်ကားများ ရွေးရန်

Krishna Vrinda Vihari

2022ဇာတ်ကားအမှတ် 5.1/10139 မိနစ်

ခရစ်ရှနားဟာ ရှေးရိုးစွဲမိသားစုက ကြီးပြင်းလာပြီး မိန်းကလေးတွေနဲ့ နီးနီးကပ်ကပ် မနေဖူးတဲ့ ကောင်လေးတစ်ယောက်ပါ။ ရွာမှာ သူ့အမေက ဩဇာကြီးလွန်းတာကြောင့် မိန်းကလေးတွေက သူ့ကိုတောင် စေ့စေ့မကြည့်ရဲကြဘူး။ ဗရင်ဒါးကတော့ ခေတ်မီတဲ့ မိသားစုက မြို့သူတစ်ယောက်ဖြစ်ပြီး ကိုယ့်ဘဝကို လွတ်လွတ်လပ်လပ် ဖြတ်သန်းချင်သူပါ။ ခရစ်ရှနားက ဗရင်ဒါးကို ချစ်မိသွားတဲ့အခါ ကြီးပြင်းလာပုံနဲ့ နေထိုင်ပုံ မတူတဲ့ သူတို့နှစ်ယောက် အဆင်ပြေနိုင်ပါ့မလားဆိုတဲ့ မေးခွန်း ပေါ်လာပါတယ်။ မိသားစုနှစ်ဖက်ကရော အဆင်ပြေကြပါ့မလား။ ဘဝမှာ ကြုံရမယ့် အခက်အခဲတွေကြား သူတို့နှစ်ယောက် စိတ်တူကိုယ်တူ လက်တွဲနိုင်မလားဆိုတာကို အချစ်၊ အိမ်ထောင်ရေးနဲ့ မိသားစုအကြောင်းတွေ တွဲပြီး ပြထားပါတယ်။ ဒီရိုမန့်ဒရာမာမှာ ၂၀၁၈ ခုနှစ်ထွက် Chalo မှာ ရက်ရှမီးကားမန်ဒါနားနဲ့ တွဲသရုပ်ဆောင်ခဲ့တဲ့ တေလဂူမင်းသား နာဂရှော်ရီယား ပါဝင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း