ဇာတ်ကားများ ရွေးရန်

Date With an Angel

1987ဇာတ်ကားအမှတ် 6.7/10105 မိနစ်

ဂျင်မ် ဆန်ဒါစ်ဟာ ဂီတကို စိတ်ဝင်စားပြီး ကောင်ရှုပ်သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းလေ့ရှိတဲ့ လူငယ်တစ်ယောက်ပါ။ သူ့မှာ ပက်တီဆိုတဲ့ ချစ်သူရှိပြီး နှစ်ဖက်မိဘတွေကလည်း သဘောတူကြတာကြောင့် စေ့စပ်ပွဲ လုပ်ပေးကြတယ်။ စေ့စပ်ပွဲညမှာ သူငယ်ချင်းတွေက ဂျင်မ်ကို စနောက်ခေါ်ဆောင်လာပြီး သူ့အိမ်မှာပဲ ပါတီလုပ်ကြပါတယ်။ နောက်နေ့မနက် ဂျင်မ်တစ်ယောက်တည်း ရှိနေချိန်မှာတော့ ရေကူးကန်ထဲမှာ အတောင်ပံကျိုးနေတဲ့ နတ်သမီးတစ်ပါးကို တွေ့လိုက်ရတယ်။ ဂျင်မ်က နတ်သမီးရဲ့ အတောင်ပံ ပြန်ကောင်းလာအောင် ကုသစောင့်ရှောက်ပေးပါတယ်။ တစ်ဖက်မှာလည်း နတ်သမီးကို အသုံးချပြီး အမြတ်ထုတ်ချင်သူတွေရှိနေတာကြောင့် သူတို့ရန်ကနေ ကာကွယ်ပေးရပြန်တယ်။ သာမန်လူငယ်တစ်ယောက်ရဲ့ဘဝထဲ နတ်သမီးတစ်ပါး ရောက်လာရာက ဖြစ်ပေါ်လာတဲ့ စိတ်ကူးယဉ်အချစ်ဟာသဇာတ်လမ်းပါ။

ဇာတ်လမ်းအကြောင်း