Piggy
နွေရာသီကျောင်းပိတ်ရက်မှာ ဆယ်ကျော်သက်ကောင်မလေး ဆာရာက မိဘတွေရဲ့ အသားဆိုင်မှာပဲ အချိန်ကုန်ပြီး အပြင်သိပ်မထွက်ဖြစ်ပါဘူး။ ကိုယ်ခန္ဓာဝဖြိုးတာကြောင့် အပေါင်းအသင်းတွေကြားမှာ လှောင်ပြောင်အနိုင်ကျင့်ခံရသလို အမေဖြစ်သူဆီကလည်း နှိမ်ချပြောဆိုတာတွေ ခံနေရတယ်။ တစ်နေ့ မြို့ထဲက ရေကန်မှာ ဆာရာရေကူးနေတုန်း ရိုစီ၊ မာကာနဲ့ ကလောင်းဒီးရားတို့ သုံးယောက် ရောက်လာကြတယ်။ သူတို့က ဆာရာကို ပိုက်ကွန်နဲ့ ရေနစ်လုနီးပါးဖြစ်အောင် အနိုင်ကျင့်ပြီး အဝတ်အစားအိတ်တွေနဲ့ တဘက်တွေကိုပါ ယူသွားကြလို့ ဆာရာခမျာ ဘီကီနီဝတ်လျက်နဲ့ပဲ အိမ်ကို လမ်းလျှောက်ပြန်ရတော့တာပါ။ အဲဒီနောက် ရေကန်မှာ သူနဲ့အတူရှိခဲ့တဲ့ ယောက်ျားတစ်ယောက်က သွေးသံရဲရဲဖြစ်နေတဲ့ မာကာကို ကားထဲထည့်ပြီး ခေါ်သွားတာကို ဆာရာမြင်လိုက်ရတယ်။ ဒါပေမဲ့ ကိုယ့်ကို အနိုင်ကျင့်ပြီး ရွံစရာတစ်ယောက်လို ဆက်ဆံခဲ့သူကို ဘာကြောင့် ကယ်ပေးရမှာလဲဆိုတဲ့အတွေးနဲ့ သူမြင်ခဲ့တာကို မပြောဘဲ နှုတ်ဆိတ်နေခဲ့ပါတယ်။ အလောင်းတွေ တွေ့လာပြီး ရဲတွေပါ စုံစမ်းလာတဲ့အခါ ဆာရာ ဘယ်လိုရင်ဆိုင်မလဲ။ သူ အပြစ်ကလွတ်နိုင်ပါ့မလား၊ ဒါမှမဟုတ် လူသတ်သမားနဲ့ပဲ ပူးပေါင်းသွားမလား။
ဇာတ်လမ်းအကြောင်း