ဇာတ်ကားများ ရွေးရန်

Dobaaraa

2022ဇာတ်ကားအမှတ် 5.5/10135 မိနစ်

အန်တာရာတို့မိသားစု ပြောင်းလာတဲ့အိမ်မှာ အရင်က အာနေးဆိုတဲ့ ကောင်လေးတစ်ယောက် နေခဲ့ဖူးတယ်။ အာနေးက ဘေးအိမ်က လင်မယားနှစ်ယောက် ရန်ဖြစ်နေတဲ့နေရာကို သွားရင်း ကားတိုက်ခံရပြီး သေဆုံးခဲ့တာပါ။ အဲဒီအဖြစ်အပျက်ကို သိထားတဲ့ အန်တာရာက တစ်နေ့မှာတော့ အတိတ်က အာနေးနဲ့ တီဗွီကနေတစ်ဆင့် ဆက်သွယ်မိသွားပါတယ်။ လက်ရှိအချိန်မှာ နေနေတဲ့ အန်တာရာဟာ အာနေးမသေဆုံးအောင် အနာဂတ်ဘက်ကနေ ကူညီဖို့ ကြိုးစားတော့တယ်။ အတိတ်ကလူတစ်ယောက်ကို ဘယ်လိုကူညီရမလဲ၊ အာနေးကို တကယ်ကယ်နိုင်ပါ့မလား။ ကံကြမ္မာကို ပြောင်းလဲလိုက်ရင် သူတို့အတွက် ဘာတွေဖြစ်လာမလဲဆိုတဲ့ မေးခွန်းတွေနဲ့ ဆက်သွားတဲ့ အပြိုင်ကမ္ဘာပုံစံ ဇာတ်လမ်းဖြစ်ပြီး အန်တာရာအဖြစ် တာ့ပ်ဆီးပန်းနုက သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း