ဇာတ်ကားများ ရွေးရန်

Sam & Kate

2022ဇာတ်ကားအမှတ် 6.7/10110 မိနစ်

ကိတ်ထ်က နယ်မြို့လေးတစ်မြို့မှာ စာအုပ်ဆိုင်ဖွင့်ထားပြီး အေးအေးဆေးဆေး နေတတ်တဲ့ မိန်းကလေးတစ်ယောက်ပါ။ ဆွေမျိုးရယ်လို့ မိခင်တီနာတစ်ယောက်ပဲ ရှိပြီး ရုပ်ရည်ရော အရည်အချင်းပါ ပြည့်စုံပေမယ့် ချစ်သူမရှိဘဲ နေနေသူဖြစ်ပါတယ်။ ဆမ်ကတော့ ပန်းချီပညာမှာ ပါရမီရှိပေမယ့် ဖခင်ရဲ့ကျန်းမာရေး တစ်နေ့တခြား ဆိုးလာတာကြောင့် ကိုယ့်အိပ်မက်တွေကို စွန့်လွှတ်ပြီး ဖခင်ရှိရာ ဒီမြို့လေးကို ရောက်လာခဲ့သူပါ။ ဆမ်ဟာ ချောကလက်စက်ရုံမှာ ရရာအလုပ်လုပ်ရင်း ဂွကျတဲ့ဖခင်ကို စောင့်ရှောက်နေတယ်။ တစ်နေ့ စာအုပ်ဆိုင်ထဲက ကိတ်ထ်ကို မြင်လိုက်တဲ့အခါ မြင်မြင်ချင်း သဘောကျသွားပါတယ်။ အောင်မြင်မှုနဲ့ ဂုဏ်ဒြပ်တွေ မရှိသေးတဲ့ ဆမ်က ကိတ်ထ်ရဲ့အချစ်ကိုရဖို့ ဘယ်လိုကြိုးစားမလဲ၊ သူတို့ကြားမှာ ဘယ်လိုအခက်အခဲတွေ ရှိလာမလဲဆိုတာကို ပြထားတဲ့ အချစ်ဟာသဒရာမာပါ။ ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ Dustin Hoffman နဲ့ Sissy Spacek တို့လည်း ဇာတ်ပို့အဖြစ် ပါဝင်ထားပါတယ်။ ဆမ်အဖြစ် သရုပ်ဆောင်သူက Dustin Hoffman ရဲ့ သားအရင်းဖြစ်လို့ သူတို့နှစ်ယောက်ဟာ အပြင်မှာရော ဇာတ်ကားထဲမှာပါ သားအဖအဖြစ် တွဲမြင်ရမှာပါ။

ဇာတ်လမ်းအကြောင်း