Under Wraps 2
ပထမ Under Wraps မှာ မံမီကြီးဟာရိုးဒ်ကြောင့် ဖြစ်လာတဲ့ အရှုပ်အထွေးတွေကို ဂေးဘတ်၊ မာရှယ်နဲ့ အေမီတို့ သူငယ်ချင်းသုံးယောက် လိုက်ရှင်းပေးခဲ့ရပါတယ်။ ဒီတစ်ခါမှာတော့ ဟာရိုးဒ်ကိုယ်တိုင် ရှာထားတာမဟုတ်တဲ့ အန္တရာယ်တစ်ခုကနေ သူ့ကို ကယ်တင်ပေးရတော့မှာပါ။ ဟာရိုးဒ်ရဲ့ မိတ်ဆွေဟောင်းဖြစ်သလို အခုအချိန်မှာ ရည်းစားလုဘက်လည်းဖြစ်နေတဲ့ တန်ခိုးကြီးမံမီဆိုဘက်ဟာ တစ်ညမှာ မတော်တဆ အသက်ဝင်လာပါတယ်။ ဆိုဘက်က သူချစ်ရသူကို လုသွားတဲ့ ဟာရိုးဒ်ကို ရှင်းပစ်ဖို့ ကြိုးစားတော့တယ်။ အဲဒီအကြောင်းကို သိသွားတဲ့ သူငယ်ချင်းသုံးယောက်ဟာ ဟာရိုးဒ်နဲ့ ရို့စ်တို့နှစ်ယောက်လုံးကို ဆိုဘက်လက်ထဲက ကယ်ဖို့ လုပ်ကြရပါတယ်။ တစ်ဖက်မှာလည်း သူတို့အချင်းချင်းကြားက လူငယ်သဘာဝ ကတောက်ကဆတွေကို ဖြေရှင်းရသေးတယ်။ မိသားစုစိတ်ကူးယဉ်ဇာတ်လမ်းထဲမှာ အချစ်ရေး၊ ဟာသနဲ့ ဒရာမာအကြောင်းအရာတွေ ရောနှောထားပါတယ်။
ဇာတ်လမ်းအကြောင်း