Doctor G
ဒေါက်တာအူဒေးက အရိုးအကြောအထူးကုဆရာဝန် ဖြစ်ချင်နေသူပါ။ ရီချားဆိုတဲ့ ချစ်သူနဲ့အတူ အနာဂတ်အတွက် စိတ်ကူးတွေအများကြီး ယဉ်ခဲ့ပေမယ့် သူမက သူ့ကို အသည်းခွဲသွားပါတယ်။ အချစ်ရေးမှာ အဆင်မပြေချိန်မှာပဲ သူသိပ်ဖြစ်ချင်တဲ့ အရိုးအကြောအထူးကုဘက်ကို ဝင်ခွင့်မရဘဲ သားဖွားမီးယပ်ဌာနကို ရောက်သွားတော့တယ်။ အဲဒီမှာ ယောက်ျားလေးဆိုလို့ အူဒေးတစ်ယောက်တည်း ရှိတာကြောင့် အနိုင်ကျင့်ဗိုလ်ကျတာတွေလည်း ခံရပါတယ်။ ဒါပေမဲ့ ဆရာဝန်မလေးတစ်ယောက်နဲ့ ဆုံဖြစ်ပြီး အချင်းချင်း ရိုင်းပင်းကူညီကြရင်း သံယောဇဉ်တွယ်လာကြတယ်။ အူဒေးအနေနဲ့ ဒီခံစားချက်တွေကို မလွန်ဆန်နိုင်ပေမယ့် သူ့အချစ်ရေးကတော့ အဆင်ပြေချောမွေ့နေတာ မဟုတ်ပါဘူး။ အာရွရှ်မန်းခူရာနားနဲ့ ရာကူလ်ပရီသ်တို့ ပါဝင်သရုပ်ဆောင်ထားပြီး ဆရာဝန်ဘဝအကြောင်းကို ဟာသနဲ့ တွဲဖက်တင်ဆက်ထားပါတယ်။ ဆေးပညာဆိုင်ရာ အကြောင်းအရာတွေလည်း ပါဝင်ပြီး ဘတ်ဂျက် ၃၅ ကုဋေ သုံးထားတဲ့ ဒီကားဟာ မူရင်းစာ ရေးသားချိန်အထိ ဝင်ငွေ ၄၁ ကုဋေ ရရှိထားတယ်လို့ ဖော်ပြထားပါတယ်။
ဇာတ်လမ်းအကြောင်း