ဇာတ်ကားများ ရွေးရန်

The Family Stone

2005ဇာတ်ကားအမှတ် 6.3/10103 မိနစ်

စတုန်းမိသားစုမှာ သားသုံးယောက်၊ သမီးနှစ်ယောက်ရှိပြီး ခရစ္စမတ်ရောက်တိုင်း မိသားစုဝင်တွေ စုံစုံညီညီ ဆုံနေကျပါ။ ဒီနှစ်မှာတော့ အားလုံးရဲ့အချစ်တော် သားကြီးအဲဗရက်က ချွေးမလောင်း မဲရယ်ဒစ်ကို မိသားစုနဲ့ မိတ်ဆက်ပေးဖို့ ခေါ်လာပါတယ်။ မဲရယ်ဒစ်က အနေအထိုင်သိမ်မွေ့ပြီး စည်းကမ်းတင်းကျပ်သူဖြစ်ပေမယ့် စတုန်းမိသားစုကတော့ ပွင့်ပွင့်လင်းလင်းနဲ့ ပျော်ပျော်နေတတ်ကြသူတွေပါ။ နေထိုင်ပုံချင်း ကွာခြားတာကြောင့် ပြဿနာတွေစဖြစ်လာပြီး မဲရယ်ဒစ်လည်း ဒီမိသားစုကြားမှာ အနေခက်လာတယ်။ သူမကို အဲဗရက်အနားကနေ ခွာသွားအောင် မသိမသာတစ်မျိုး၊ သိသိသာသာတစ်မျိုး ကြိုးစားနေကြတာတွေကိုလည်း ရင်ဆိုင်ရပါတယ်။ မဲရယ်ဒစ်ဟာ ဒီမိသားစုထဲ ဝင်ဆံ့နိုင်ပါ့မလား၊ သူ့ကို တွန်းထုတ်နေကြတာတွေကို တောင့်ခံနိုင်ပါ့မလား။ ပျော်ရွှင်စရာ ခရစ္စမတ်အချိန်မှာ သူမအတွက်ရော ပျော်ရွှင်မှုအစစ် ရှိလာနိုင်မလား။

ဇာတ်လမ်းအကြောင်း