Klaus
ဂျက်စပါဟာ အဖေ့ရဲ့ စာပို့လုပ်ငန်းမှာ အလုပ်ကို ကြိုးကြိုးစားစားမလုပ်ဘဲ အခွင့်ထူးခံဘဝနဲ့ ပျင်းရိနေတဲ့ လူငယ်တစ်ယောက်ပါ။ သူ့ကို အပြစ်ပေးဖို့အတွက် အဖေက လူသူနဲ့ဝေးတဲ့ ကျွန်းတစ်ကျွန်းပေါ်က မြို့လေးမှာ စာပို့သမားလုပ်ဖို့ ပို့လိုက်ပါတယ်။ စမီရင်ဘာ့ဂ်ဆိုတဲ့ အဲဒီမြို့က အေးခဲပြီး ခေါင်ဖျားလွန်းသလို နေထိုင်သူတွေကလည်း ရိုင်းပြပြီး အမြဲဒေါသထွက်နေတတ်ကြတယ်။ ဂျက်စပါအနေနဲ့ တစ်နှစ်အတွင်း ဒီမြို့ကနေ ပေးစာ ၆၀၀၀ ထွက်လာအောင် လုပ်နိုင်မှ ပြန်ခွင့်ရမှာပါ။ မလုပ်နိုင်ရင်တော့ အဖေက အမွေပြတ်စွန့်လွှတ်မှာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်ထွက် ဒီအန်နီမေးရှင်းဇာတ်ကားက ခရစ္စမတ်မှာ လက်ဆောင်တွေပေးတဲ့ စန်တာကလောက်စ်အကြောင်းကို အခြေခံထားပါတယ်။ လူတွေ အချင်းချင်း စာပို့ဆက်သွယ်ကြတဲ့အခါ အမုန်းအစား မေတ္တာကို ဝေမျှကြဖို့ဆိုတဲ့ အတွေးနဲ့ ခရစ္စမတ်ရဲ့ နွေးထွေးမှုကို တွဲဖက်ပုံဖော်ထားပါတယ်။
ဇာတ်လမ်းအကြောင်း