ဇာတ်ကားများ ရွေးရန်

Planet 51

2009ဇာတ်ကားအမှတ် 5.9/1091 မိနစ်

Planet 51(2009) IMDb......6.1 ဆရာကြီးချစ်ဦးညိုစာအုပ်တွေကို အတော်များများဖတ်ဖူးကြမယ်ထင်ပါရဲ့.... ကျွန်တော်တို့ရင်းနှီးခဲ့တဲ့ ဗီလိန်တွေအတော်များများကို ဆရာကြီးဟာ အဓိက ဇာတ်လိုက်မင်းသားအဖြစ် ပြန်လည်အသက်သွင်းတယ်... ဒီတော့ ဆရာကြီးရေးသားထားတဲ့ ဒီလိုဇာတ်ကောင်မျိုးစာအုပ်တွေမှာ ဆို ဇာတ်လမ်းကြီးကိုပြောင်းရသလိုဖြစ်နေတယ်... ဆိုပေမယ့် ကျွန်တော်တို့ အားလုံးဆရာကြီးရေးတဲ့စာအုပ်တွေဖတ်ပြီး အရမ်းနှစ်ခြိုက်ကြသလို တခြားရှုထောင့်တစ်ခုလည်းရှိပါသေးလားဆိုတဲ့ အသိလည်းရသွားတယ်..... ဒီကာတွန်းကားလေးကလည်း ဒီလိုပါပဲ..... အစိမ်းရောင်ဂြိုလ်သားတွေဘက်ကနေရိုက်ကူးထားတာပါ... သူတို့အနေနဲ့ကြည့်ရင် ကျွန်တော်တို့ဟာ ပြောလို့တောင်မရနိုင်တဲ့ အန္တရယ်ရှိဆုံးဂြိုလ်သားတွေပေါ့လေ..... ဒီတော့ အစိမ်းရောင်ဂြိုလ်သားတွေဟာ ထင်မြင်ချက်ပေါင်းများစွာနဲ့ ကြိုတင်ကာကွယ်မှုတွေပေါင်းစုံလုပ်သလို စောင့်ကြည့်ရေးတပ်ဖွဲ့ပေါင်းများစွာနဲ့လည်း သူတို့ဂြိုလ်ကို ကာကွယ်ထားတယ်.... သို့ပေမယ့် တစ်နေ့တော့ သူတို့ဂြိုလ်ကို အမေရိကန်အလံကြီးကိုင်ပြီး အာကာသယာဉ်မှုးကမ္ဘာဂြိုလ်သားတစ်ယောက်ဆင်းချလာပါလေရော.... အစိမ်းရောင်ဂြိုလ်အတွက် တကယ့်ကိုသွေးပျက်ဖွယ်ရာအဖြစ်ပါပဲ.... ကိုင်း ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး..... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Cynthia ပဲဖြစ်ပါတယ်... File Size : (957 MB) and (419 MB) Quality : Blu-Ray 720p Format…mp4 Duration…01:31:00 Genre :  Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Cynthia Encoded by Phyo Pyae

ဇာတ်လမ်းအကြောင်း