ဇာတ်ကားများ ရွေးရန်

Ash and Bone

2022ဇာတ်ကားအမှတ် 4.2/1097 မိနစ်

ကက်ဆီဟာ အမေဆုံးပါးသွားပြီးနောက် အဖေက နောက်အိမ်ထောင်ပြုလိုက်တာကို မကျေနပ်ဖြစ်နေတဲ့ ဆယ်ကျော်သက်တစ်ယောက်ပါ။ ပုန်ကန်တတ်လာတဲ့ သူနဲ့ မိထွေးတို့ အဆင်ပြေစေချင်လို့ အဖေဖြစ်သူက နှစ်ယောက်လုံးကို ခေါ်ပြီး တောမြို့လေးတစ်မြို့ဆီ ခရီးထွက်လာပါတယ်။ ဒါပေမဲ့ ကက်ဆီက ခရီးထွက်လာရတာကိုလည်း မကြိုက်တာကြောင့် စကားများကြပြီး တည်းခိုနေတဲ့အိမ်ကနေ ထွက်သွားတယ်။ မြို့ထဲက ဘားတစ်ခုမှာ ထိုင်နေတုန်း အန်နာနဲ့ တက်ကာတို့ကို တွေ့ပြီး စကားလက်ဆုံကျသွားပါတယ်။ ကက်ဆီက အဆောက်အဦးဟောင်းတွေ၊ စက်ရုံဟောင်းတွေကို လိုက်လည်ရတာ ဝါသနာပါတာမို့ မြို့မှာရှိတဲ့ အိမ်ဟောင်းတစ်လုံးဆီ လိုက်ပို့ပေးဖို့ သူတို့ကို ပြောလိုက်တယ်။ အဲဒီလိုနဲ့ လူသတ်မှုတွေ၊ လူဖမ်းဆီးမှုတွေ ဖြစ်ခဲ့တယ်လို့ ပါးစပ်ရာဇဝင်ရှိတဲ့ မက်ကင်လီအိမ်ဟောင်းဆီ ရောက်သွားကြပါတယ်။ အဲဒီအိမ်အကြောင်း ကြားထားရတာတွေက ကောလာဟလသက်သက် မဟုတ်မှန်း သိလိုက်ရတဲ့အခါ သူတို့ကိုယ်တိုင် အန္တရာယ်နဲ့ ကြုံရပါတော့တယ်။

ဇာတ်လမ်းအကြောင်း