The Unbearable Lightness of Being
တိုမတ်စ်ဟာ ပညာမှာ ထူးချွန်တဲ့ အထူးကုဆရာဝန်တစ်ယောက်ဖြစ်ပေမယ့် အချစ်ရေးမှာတော့ မိန်းမပွေသူပါ။ ဆွဲဆောင်မှုရှိတဲ့ ပန်းချီဆရာမ ဆာဘီနာက ယောက်ျားတွေရဲ့ အာရုံစိုက်မှုကို အလွယ်တကူ ရနိုင်ပေမယ့် တိုမတ်စ်ကိုပဲ စွဲလမ်းနေမိပါတယ်။ တယ်ရီဇာကတော့ ဇနပုဒ်ကလာတဲ့ စာဖတ်ဝါသနာပါသူ ဓာတ်ပုံဆရာမလေးပါ။ အချစ်ကြီးပြီး နုံအတဲ့ သူ့အတွက် တိုမတ်စ်လိုလူမျိုးတောင် အမြဲပူပန်နေရတယ်။ အချစ်၊ ရာဂ၊ ယုံကြည်မှုနဲ့ သစ္စာရှိမှုတို့အကြား ဒီသုံးယောက်ရဲ့ ခံစားချက်တွေ ရောထွေးနေပါတယ်။ နိုင်ငံရေးနဲ့ လူမှုရေးအခြေအနေတွေကြားမှာ တိုမတ်စ်က ဘယ်သူ့ကို ရွေးချယ်မလဲ။ သူ့ကြောင့် ဆာဘီနာနဲ့ တယ်ရီဇာတို့ကြားမှာ ဘာတွေ ဆက်ဖြစ်လာမလဲ၊ သူတို့အတွက် ပျော်ရွှင်တဲ့ဘဝမျိုး ရနိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေကို ဆက်ထားတဲ့ အချစ်ဒရာမာဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း