ဇာတ်ကားများ ရွေးရန်

Pandorum

2009ဇာတ်ကားအမှတ် 6.6/10108 မိနစ်

၂၁၇၄ ခုနှစ် မှာ ကမ္ဘာကြီးရဲ့ သဘာ၀ ရင်းမြစ်တွေ ဟာ ကုန်ဆုံးသွားခဲ့ပြီး လူသားတွေနေထိုင်ဖို့ နေရာမလုံလောက်တော့ပါဘူး။လူသားတွေဟာ အခြေချစရာ အိမ် အသစ် ကိုရှာဖွေ ရတော့တာပေါ့။ဒီလိုအခြေအနေတွေကြောင့် လူသားတွေဟာ Tanis ဂြိုလ်ဆီကို အာကသယာဉ်တစ်စီးကို လွှတ်ပြီး နေထိုင်ဖို့ အဆင်ပြေမပြေ လေ့လာပါတော့တယ်။လူသားတွေရဲ့ နောက်ဆုံး မျှော်လင့်ချက် လေးတစ်ခုပေါ့။ဒီလို သွားတဲ့အခါ ခရီးက ဝေးကွာလွန်းတဲ့အတွက် hyper-sleep လို့ခေါ်တဲ့ နည်းပညာနဲ့ အိပ်စက်စေပြီး ခရီးသွားခိုင်းပါတယ်။ခရီးသွားနေစဉ်မှာပဲ တပ်ကြပ် ဘောင်ဝါရဲ့ အခန်းဟာ စက်ချို့ယွင်းမှု့ဖြစ်ပြီး တပ်ကြပ်ဘောင်ဝါ တစ်ယောက် နိုးထလာခဲ့ပါတယ်။ဒါပေမဲ့ ကြာမြင့်စွာအိပ်စက်မှု့ကြောင့် သူဟာ ဝေခွဲမရဖြစ်ပြီး မှတ်ဉာဏ်ပျောက်ဆုံးနေပါတယ်။မကြာခင်မှာ သူသိလာတာက ဓာတ်ပေါင်းဖို ချို့ယွင်းမှု့ဖြစ်နေပြီး စွမ်းအင် အရမ်းကို တိုးလွန်းနေပါတယ်။ မကြာခင်မှာပဲ တစ်ခြားသူတွေ အသီးသီး နိုးထလာခဲ့ ပါတယ်။သူတို့ဟာလည်း အသီးသီး မှတ်ဉာဏ်ပျောက်ဆုံးပြီး ဘာကိုမှမှတ် မိကျတော့ပါဘူး မကြာခင် သူတို့ထပ်မံ သိလာရတာက အန္တရာယ် ရှိတဲ့ တခြားသတ္တဝါတွေ ယာဉ်ထဲမှာ ရှိနေတယ်ဆိုတာပါပဲ …. သူတို့ အသက် ကို ကယ်တင်ဖို့ တစ်ခုထဲသောနည်းက ဓာတ်ပေါင်းဖို ဆီကို ရောက်အောင် သွားဖို့ပါပဲ ဒီလို နဲ့ အန္တရာယ်တွေကို ရင်ဆိုင်ရင်း သူုတို့ယာဉ် ရဲ့ လျှို့ဝှက်တဲ့ ထူးဆန်းတဲ့ အကြောင်းအရာတွေကို သူတို့ သိလာရပါတယ်။သူတို့တွေ ကို ဒုက္ခပေးနေတာ ဘာတွေများလဲ ….. သူတို့ယာဉ်ရဲ့ ဆန်းကြယ်တဲ့ လျှို့ဝှက်ချက်တွေ ရည်ရွယ်ချက်တွေက ဘာတွေများလဲ… သူတို့ လူအုပ်စုထဲက ဘယ်သူတွေက အန္တရာယ်ကို ဖြတ်ကျော်နိုင်ပြီး ဘယ်သူတွေက ဘယ်လို ကျရှုံးကျမလဲ ဆိုတာတွေကို စိတ်ဝင်စားဖွယ် ကြည့်ရှု့ရမှာပါ။ File Size : 820MB Quality : Blu Ray 720p Running Time : 1h 48min Format : Mp4 Genre : Action, Horror, Mystery Subtitle : Lotus Black Encoder : Tariq L Walker

ဇာတ်လမ်းအကြောင်း