ဇာတ်ကားများ ရွေးရန်

You Do You

2023ဇာတ်ကားအမှတ် 6.5/1099 မိနစ်

မာဗေ့ဗ်ဟာ တီထွင်ဖန်တီးနိုင်စွမ်းရှိပြီး ဖက်ရှင်လောကမှာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ချင်တဲ့ အမျိုးသမီးငယ်တစ်ယောက်ပါ။ သူ့အမေကတော့ သမီးကို ရုံးထိုင်အလုပ်တစ်ခုမှာ အခြေတကျ လုပ်စေချင်လို့ အလုပ်အင်တာဗျူးတွေ ခဏခဏ ဖြေခိုင်းတယ်။ မာဗေ့ဗ်ကလည်း အင်တာဗျူးသွားတိုင်း အမေ့ဘီဒိုထဲက အဝတ်လှလှတွေ ထုတ်ဝတ်သွားပြီး အလုပ်မရအောင် တမင်ဖြေလေ့ရှိပါတယ်။ အမေဖြစ်သူဟာ တစ်ချိန်က ထိပ်တန်းနာမည်ကြီး သတင်းထောက်တစ်ယောက်ဖြစ်ပြီး သူ့ကို မုန်းတီးနေတဲ့ ရန်ဘက်တွေလည်း ရှိတယ်။ တစ်နေ့မှာတော့ အဲဒီရန်ဘက်တစ်ယောက်က မာဗေ့ဗ်တို့မိသားစု လမ်းဘေးရောက်အောင် အကွက်ချကြံစည်လာပါတော့တယ်။ ကိုယ့်စိတ်ကူးအတိုင်း ဖက်ရှင်လောကထဲ ဝင်ချင်နေတဲ့ မာဗေ့ဗ် ဒီအခက်အခဲကို ဘယ်လိုကျော်ဖြတ်မလဲ၊ သူတို့ကို ဒုက္ခပေးဖို့ ကြံနေသူက ဘယ်သူလဲဆိုတာကို လူငယ်ဖက်ရှင်တွေနဲ့အတူ ပေါ့ပေါ့ပါးပါး တင်ဆက်ထားတဲ့ အချစ်ဟာသဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်း