Judaa Hoke Bhi
အမန်းနဲ့ မီရားတို့ လင်မယားဟာ သားဖြစ်သူ ယာဉ်မတော်တဆမှုကြောင့် ဆုံးသွားတဲ့နောက် ဝမ်းနည်းပူဆွေးမှုတွေကြားမှာ နေနေရပါတယ်။ တစ်ချိန်က နာမည်ကြီးအဆိုတော်ဖြစ်ခဲ့တဲ့ အမန်းက သားဆုံးရှုံးရတဲ့ဒဏ်ကို မခံနိုင်ဘဲ အရက်နွံထဲ နစ်သွားတယ်။ စာရေးဆရာမဖြစ်တဲ့ မီရားကတော့ ကိုယ့်နာကျင်မှုကို ဘေးဖယ်ထားပြီး မိသားစုအဆင်ပြေဖို့ ကြိုးစားနေပါတယ်။ တစ်နေ့မှာ မီရားဆီ ကိုယ်ရေးအတ္ထုပ္ပတ္တိရေးပေးရမယ့် အလုပ်တစ်ခု ကမ်းလှမ်းလာတယ်။ အခကြေးငွေလည်း များများရမယ့်အလုပ်ပါ။ ဒါပေမဲ့ သူမသိထားတာက အလုပ်ကမ်းလှမ်းသူဟာ မကောင်းဆိုးဝါးတစ်ကောင် ဖြစ်နေတဲ့အချက်ပါပဲ။ ဒီလိုနဲ့ မီရားဟာ နတ်ဆိုးရဲ့ ကျော့ကွင်းထဲ ပိတ်မိသွားပြီး ရုန်းမထွက်နိုင်တဲ့ အခြေအနေကို ရောက်လာပါတယ်။ Judaa Hoke Bhi ဟာ Raaz (2002) ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာရဲ့ ဟင်ဒီထိတ်လန့်သည်းဖိုဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း