ဇာတ်ကားများ ရွေးရန်

Vampire Academy

2014ဇာတ်ကားအမှတ် 6.3/10104 မိနစ်

သွေးစုပ်ပြီး အသက်ရှင်ရတဲ့ Vampire လောကမှာ Vampire အမျိုးအစား ၃ မျိုးရှိနေပါတယ်။ Moroi လို့ခေါ်တဲ့ ငြိမ်းချမ်းတဲ့ တော်ဝင် Vampire တွေဟာ သွေးလှူတဲ့သူတွေဆီကနေပဲ လက်ခံစားသောက်ပါတယ်။ Dhampire ဆိုတဲ့ လူတစ်ပိုင်း Vampire တစ်ပိုင်း မျိုးနွယ်တွေကတော့ နေရောင်ထဲလည်း ထွက်သောင်းကျန်းလို့ရပြီး သွေးမစုပ်ကြပဲ လူတွေလိုပဲ စားသောက်ကြပါတယ်။ Strigoi လို့ခေါ်တဲ့ စိတ်ရိုင်းဝင်တဲ့ အကောင်တွေကတော့ သွေးစုပ်ဖို့ ဝန်မလေးကြပါဘူး။ Rose လို့ အလွယ်ခေါ်ကြတဲ့ Rosemarie Hathaway နဲ့ Lissa လို့ အလွယ်ခေါ်ကြတဲ့ Vasilisa Dragomir တို့ဟာ Vampire အကယ်ဒမီကနေ ထွက်ပြေးပြီး လူ့လောကမှာ ကျင်လည်နေကြသူတွေပါ။ Lissa ဟာ Moroi မျိုးနွယ် တစ်ဦးဖြစ်ပြီး ရဲ့ မိဘတွေနဲ့ အစ်ကိုဟာ ယာဉ်တိုက်မှုတစ်ခုမှာ သေဆုံးသွားခဲ့ပါတယ်။ Lissa နဲ့ Rose ဟာ ငယ်စဉ်ကတည်းက စိတ်ချင်းဆက်နေပြီး Rose ဟာ Lissa ရဲ့ အာရုံခံစားချက်တွေကို သိနိုင်ပါတယ်။ Dhampire တစ်ယောက်ဖြစ်တဲ့ Rose ဟာ Lissa ကို ကာကွယ်ဖို့ ကံကြမ္မာက သတ်မှတ်ပေးထားသလိုပါပဲ။ သူတို့နှစ်ယောက်ဟာ လူတွေကြားမှာ ပြေးလွှားနေရင်း တစ်ရက်မှာတော့ Vampire အကယ်ဒမီက ပြန်လည် ဖမ်းမိသွားပါတယ်။ လာဖမ်းတဲ့သူဟာ Dimitri Belikov ဖြစ်ပြီး အတိုက်အခိုက် အထူးကျွမ်းကျင်သူ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကို အကယ်ဒမီပြန်ခေါ်လာတုန်း လမ်းမှာ Strigoi တွေရဲ့ တိုက်ခိုက်တာကို ခံရပါတယ်။ ဒါပေမယ့် Dimitri ဦးဆောင်တဲ့အဖွဲ့ဟာ သူတို့ထက် အများကြီး ပိုသန်စွမ်းတဲ့ Strigoi တွေကို ခုခံနိုင်ခဲ့ပြီး Rose နဲ့ Lissa ကို ကျောင်းထဲ ပြန်ခေါ်လာနိုင်ခဲ့ပါတယ်။ အကယ်ဒမီဟာ ညဖက်မှသာ အတန်းတွေ ဖွင့်လှစ်ထားပြီး နေ့ခင်းမှာတော့ အိပ်စက်အနားယူကြရပါတယ်။ Damphire ဖြစ်တဲ့ Rose ဟာ Dimitri ဆီမှာ အတိုက်အခိုက်တွေ သင်ကြားရပြီး Lissa ကတော့ Moroi တွေ တတ်အပ်တဲ့ စွမ်းအားတွေ သင်ကြားရပါတယ်။ ဒါပေမယ့် Lissa ဟာ သူများတွေလို သီးသန့်ထူးချွန်တဲ့ စွမ်းအားမရှိတာကြောင့် စိတ်အားငယ်နေပါတယ်။ ဒီကြားထဲမှာ သူ့အစ်ကိုရဲ့ ရည်းစားဟောင်း Mia ရဲ့ အနှောင့်အယှက်နဲ့ ရင်ဆိုင်ရပြန်ပါတယ်။ Lissa ကို ကူညီမယ့်သူတွေထဲမှာ မြို့စားကြီး Victor Dashkov ရဲ့ သမီး Natalie Dashkov နဲ့ Strigoi နှစ်ယောက်ရဲ့ သား Christian Ozera တို့လည်း ပါဝင်ပါတယ်။   Rose နဲ့ Lissa ကျောင်းက ထွက်ပြေးရတဲ့အကြောင်းရင်းကတော့ Sonya Karp လို့ခေါ်တဲ့ သူတို့ ကျောင်းအုပ်ဟောင်းရဲ့ အကြံပေးချက်ကြောင့် ထွက်ပြေးရတာပါ။ သူတို့ ဘာကြောင့်ထွက်ပြေးရသလဲ။ Lissa မှာ ဘာလျှို့ဝှက်ချက်တွေ ရှိနေသလဲဆိုတာကိုတော့ ဆက်လက်ရှုစားကြပါကုန်။

ဇာတ်လမ်းအကြောင်း