ဇာတ်ကားများ ရွေးရန်

Old Men in New Cars: In China They Eat Dogs II

2002ဇာတ်ကားအမှတ် 6.8/1095 မိနစ်

ဒိန်းမတ်ထောင်ကနေ ထွက်လာတဲ့ ဟာရန်းက ဆေးရုံတက်နေတဲ့ သူ့မွေးစားအဖေ မွန့်ကို သွားတွေ့ခဲ့တယ်။ မွန့်ဟာ သေခါနီးနောက်ဆုံးဆန္ဒအဖြစ် သူ့သားအရင်းနဲ့ တွေ့သွားချင်ခဲ့တာကြောင့် သူ့ရဲ့ မွေးစားသား ဟာရန်းက သားအရင်းရှာပုံတော်ကို ဖွင့်ခဲ့ရပါတယ်။ မွန့်ရဲသား လူဗစ်က လက်ရှိမှာ ဆွီဒင်ထောင်ထဲမှာ ထောင်ကျနေတာကြောင့် ဟာရန်းက သူ့မိတ်ဆွေ စာဖိုးမှူးနှစ်ယောက်ဖြစ်တဲ့ ပီတာနဲ့ မာတင်တို့ကို ခေါ်ပြီး‌ ထောင်ဖောက်ဖို့ ကြိုးစားခဲ့ကြတယ်။ အဖေနဲ့သား ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြပြီး ဖခင်ဖြစ်သူမွန့်ဟာ အသည်းအစားထိုးဖို့ ပိုက်ဆံလိုတာကြောင့် ဟာရန်းတို့တတွေဟာ ဘဏ်ကို ဓားပြတိုက်ဖို့ ကြိုးစားခဲ့ကြတယ်။ ဘဏ်ဓားပြတိုက်နေစဉ်မှာ မေလီနဲ့ ဆုံတွေ့ခဲ့ပြီး သူတို့အဖွဲ့ဟာ အုတ်အော်သောင်းနင်းနဲ့ ဘယ်လိုတွေ တလွဲတချော် လုပ်ကြမလဲဆိုတာကို ဟာသဆန်ဆန် ကြည့်ရှုရမယ့် အက်ရှင်ကားတစ်ကားပဲ ဖြစ်ပါတယ်။ File size…(1.8 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Action, Comedy, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Su Mon

ဇာတ်လမ်းအကြောင်း