ဇာတ်ကားများ ရွေးရန်

Blurr

2022ဇာတ်ကားအမှတ် 4.0/10126 မိနစ်

တာ့ပ်ဆီးက ဂိုင်သရီးနဲ့ ဂေါ်တမီဆိုတဲ့ အမြွှာညီအစ်မနှစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ တစ်ရက်မှာ ဂိုင်သရီးဟာ ညီမလေးဂေါ်တမီ တစ်ခုခုဖြစ်နေတယ်ဆိုတဲ့ အိပ်မက်ဆိုး မက်ခဲ့တယ်။ ဒါနဲ့ ခင်ပွန်းဖြစ်သူကို ခေါ်ပြီး ညီမအိမ်ကို သွားကြည့်တော့ ဂေါ်တမီ ကြိုးဆွဲချလျက် သေဆုံးနေတာကို တွေ့လိုက်ရပါတယ်။ ရဲတွေရဲ့ စုံစမ်းချက်အရ ဂေါ်တမီဟာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့တာလို့ ဆိုပေမယ့် ဂိုင်သရီးက လက်မခံနိုင်ဘူး။ ညီမသေဆုံးမှုရဲ့ အဖြစ်မှန်ကို ကိုယ်တိုင်လိုက်စုံစမ်းရင်း သူ့နောက်ကို လူတစ်ယောက် အမြဲလိုလို လိုက်နေသလို ခံစားလာရတယ်။ ဒါပေမယ့် အဲဒီလူကိုတော့ ဘယ်သူမှ မမြင်ကြပါဘူး။ စုံစမ်းနေရင်းနဲ့ပဲ ဂိုင်သရီးရဲ့ အသက်အန္တရာယ်ကိုပါ ထိပါးလာပါတယ်။

ဇာတ်လမ်းအကြောင်း