ဇာတ်ကားများ ရွေးရန်

After the Sunset

2004ဇာတ်ကားအမှတ် 6.2/1097 မိနစ်

After the Sunset (2004) အလစ်သုတ်ရာမှာ ကျွမ်းကျင်လှပါတယ်ဆိုတဲ့ မက်စ် နဲ့ လိုလာတို့ဟာ တစ်​နေ့မှာ​တော့ FBI ​အေးဂျင့် စတန်လေ ကိုယ်တိုင် ​စောင့်​ရှောက်​နေတဲ့ ကြားက​နေ စိန်တုံးတစ်တုံးကို ခိုးယူသွားခဲ့ပါတယ်။ အဲဒီစိန်တုံးက နပိုလီယံ ပိုင်ဆိုင်ခဲ့တဲ့ စိန်တုံး သုံးတုံး ထဲက ဒုတိယ​မြောက် အတုံးဖြစ်ပါတယ်။ ဒီကိစ္စ ပြီးတဲ့​နောက်မှာ​တော့ မက်စ်နဲ့ လိုလာတို့ဟာ သူခိုး​လောကက​နေ အနားယူခဲ့ပြီး Bahamas နိုင်ငံက Paradiseကျွန်း​ပေါ်မှာ အပန်း​​ဖြေ​နေခဲ့ကြပါတယ်။ ဖြစ်ချင်​တော့ နပိုလီယံရဲ့ တတိယ​​မြောက် စိန်တုံးဟာ တ​နေ့မှာ Paradiseကျွန်း​ပေါ်ကို ဆိုက်ဆိုက်​​မြောက်​မြောက် ​ရောက်လာပါ​တော့တယ်။ ဒီ​နောက်မှာ​တော့ ဘာ​တွေဆက်ဖြစ်ကြမလဲ။ မက်စ်နဲ့ လိုလာတို့ဟာ တကယ်ပဲအနားယူသွားတာလား။ တတိယ​မြောက် စိန်တုံးကို ထပ်အလစ်သုတ်ဦးမလား။ FBI​အေးဂျင့် စတန်​လေ က​ရော ဒီတ​ခေါက် ဘာအကြံအစည်​တွေများ ရှိ​နေဦးမလဲ။ သူတို့​တွေရဲ့ အားပြိုင်မှု ကြားထဲ Paradise ကျွန်း​ပေါ်က ​ဒေသခံ ဂိုဏ်း​တစ်ခုကပါ ပါ၀င်လာတဲ့ အချိန်မှာ​တော့...... IMDb rating 6.2 ရရှိထားပြီး ကြာမြင့်ချိန် ၁နာရီ ၄၀မိနစ် ရှိတဲ့ ဒီကားဟာ Comedy, Actionနဲ့ Crime တို့ ​ပေါင်းစပ်ထားတဲ့ ဇာတ်ကား​ကောင်း​လေးဖြစ်ပါတယ်။ မင်းသားကြီး Pierce Brosnan၊ Woody Harrelsonနဲ့ မင်းသမီး Salma Hayekတို့က အဓိက သရုပ်​ဆောင်ထားကြပြီး မလွတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကား​ကောင်း တစ်ကား ဖြစ်ပါတယ်။ File Size : (1.92GB) and (884 MB) Quality : Blu-Ray 1080p 5.1 CH, Blu-Ray 720p Format…mp4 Duration…01:37:00 Genre : Action , Comedy , Crime Subtitle : Myanmar Subtitle (Hard Sub) Translated by K Encoded by AHtet

ဇာတ်လမ်းအကြောင်း