ဇာတ်ကားများ ရွေးရန်

Nefarious

2023ဇာတ်ကားအမှတ် 6.6/1098 မိနစ်

အိုကလာဟိုးမားပြည်နယ်မှာ ကွင်းဆက်လူသတ်မှုတွေ ကျူးလွန်ခဲ့တဲ့ အက်ဝါ့ဒ်ဝိန်းဘရက်ဒီကို လျှပ်စစ်ကုလားထိုင်နဲ့ သေဒဏ်ပေးဖို့ ထောင်ထဲမှာ သီးသန့်ချုပ်ထားပါတယ်။ ဒါပေမယ့် ပြင်းထန်တဲ့ စိတ်ရောဂါအခြေအနေရှိသူကို ပြည်နယ်ဥပဒေအရ သေဒဏ်ပေးလို့မရတာကြောင့် သူ့ကို သေဒဏ်ပေးမယ့်ကိစ္စ ရွှေ့ဆိုင်းနေရတယ်။ သူ့စိတ်အခြေအနေကို ဆန်းစစ်နေတဲ့ စိတ်ရောဂါကုဆရာဝန် သေဆုံးသွားတဲ့နောက် ပြည်နယ်အုပ်ချုပ်ရေးမှူးက ဒေါက်တာ ဂျိမ်းစ်မာတင်ကို သေဒဏ်ပေးမယ့်အချိန်မတိုင်ခင် ထောင်ဆီ စေလွှတ်လိုက်ပါတယ်။ ဂျိမ်းစ်က အက်ဝါ့ဒ်နဲ့ နှစ်ယောက်တည်း စကားပြောကြည့်တဲ့အခါ အက်ဝါ့ဒ်က လူတွေကို သူသတ်ခဲ့တာမဟုတ်ဘူးလို့ ပြောလာတယ်။ နာဖာရီးယားမက်စ်ဆိုတဲ့ နတ်ဆိုးက သူ့ကို ပူးကပ်ပြီး သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။ အက်ဝါ့ဒ်ကို တကယ်ပဲ နတ်ဆိုးပူးကပ်နေတာလား၊ ဒါမှမဟုတ် သူဟာ စိတ်ဝေဒနာခံစားနေရတဲ့ လူသတ်သမားတစ်ယောက်လား။

ဇာတ်လမ်းအကြောင်း