ဇာတ်ကားများ ရွေးရန်

Shallow Hal

2001ဇာတ်ကားအမှတ် 6.2/10114 မိနစ်

IMDb rating - 6/10 Awards - 3 Nominations အခုတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ 2001 ခုနှစ်ထွက် romance ဇာတ်ကားလေးဖြစ်ပါတယ် အားလုံးသိတဲ့ Jack Black မင်းသားနဲ့ Iron manရဲ့အချစ်တော်​လေး Gwyneth Paltrow မင်းသမီးတို့ သရုပ်ဆောင်ထားတဲ့နာမည်​​ကြီးဇာတ်ကားလေးပဲဖြစ်ပါတယ် ဒီကားထဲမှာဆိုရင် အဖေ့ရဲ့နောက်ဆုံးစကားအတိုင်း ငယ်ရွယ်ပြီးလှပတဲ့မိန်းကလေးတွေနဲ့တွဲပြီး လူတိုင်းကိုရုပ်ရည်​ပေါ်မှာပဲကြည့်ပြီး ဆုံးဖြတ်တတ်တဲ့ ဟဲလ်ဆိုတဲ့သူတစ်ယောက်ရှိပါတယ် အဲဒီလိုနဲ့တိုနီရောဘင်ဆိုတဲ့သူနဲ့ ဆုံပြီးနောက်မှာ လူတွေနဲ့တွေ့တဲ့အခါမှာ သူတို့ရဲ့အတွင်းစိတ်အတိုင်းပဲ​မြင်ရပါတော့တယ် အဲဒီလိုနဲ့ ရိုစ့်မယ်ရီဆိုတဲ့ စိတ်ထားလှတဲ့​ကောင်မ​လေး သူ့မျက်စိထဲမှာ သူမြင်ဖူးသမျှထဲမှာ အလှဆုံးမိန်းကလေးတစ်ယောက်ဖြစ်နေပါတယ် တကယ်တော့ဒီမိန်းကလေးကပြည့်ပြည့်ဖြိုးဖြိုးကောင်မလေးဖြစ်နေတာပါပဲ အဲဒါဆိုရင်တော့ ဟဲလ်တစ်ယောက် တကယ့်ပဲ ရိုစ့်မယ်ရီကိုချစ်လာနိုင်ပါ့မလား ဘယ်လိုတွေအလွဲလွဲအချော်ချော်ဖြစ်မလဲ ဆိုတာ ဇတ်ကားလေးကြည့်ရင်း အပန်းဖြေလိုက်ကြပါဦး ဒီဇာတ်ကားလေးကတော့ တကယ့် အလှတရားဆိုတာ စိတ်ထားကောင်းတာက အဓိကပဲလို့ ပြသသွားတဲ့ကားကောင်းလေးဖြစ်လို့ အားလုံးပဲ အားပေးကြပါဦး File size…(2.1 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Comedy, Romance  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Kyawt Hay Thar

ဇာတ်လမ်းအကြောင်း