Thank God
အာရန်ကပူးက အိမ်ခြံမြေရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ယောက်ပါ။ ငွေဆိုတာ သူ့အတွက် အရေးမပါတော့လောက်အောင် ချမ်းသာဖို့ အိပ်မက်မက်ထားပေမယ့် ငွေကြေးအပြောင်းအလဲတစ်ခုကြောင့် လက်ထဲရှိသမျှငွေတွေ တကယ်ပဲ တန်ဖိုးမရှိတော့တဲ့အဖြစ်နဲ့ ကြုံလိုက်ရတယ်။ ကုမ္ပဏီ ဒေဝါလီခံရတဲ့အပြင် အိမ်ကိုပါ ရောင်းဖို့ ဖြစ်လာပါတယ်။ အဲဒီလို အဆင်မပြေမှုတွေကြားမှာ မထင်မှတ်တဲ့ မတော်တဆမှုတစ်ခု ထပ်ကြုံရပြီး ကပူးတစ်ယောက် Game of Life ဆိုတဲ့ ကစားပွဲထဲ ရောက်သွားတယ်။ ဒီတစ်ခါ ကစားရမယ့်ဂိမ်းက သူ့အသက်နဲ့ တိုက်ရိုက်ဆိုင်နေပြီး အသက်ပြန်ရှင်ဖို့အတွက် သူပြုခဲ့တဲ့ ကောင်းမှုတွေကပဲ ကယ်တင်ပေးနိုင်မှာပါ။ ကပူး ဘယ်လိုရုန်းကန်ရမလဲ၊ သူ့ကောင်းမှုနဲ့ မကောင်းမှုကြား ဘယ်ဘက်က အနိုင်ရမလဲဆိုတာ ဆက်တွေ့ရမှာဖြစ်ပြီး အဂျေးနဲ့ ဆစ်ဒါးလ်တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း