ဇာတ်ကားများ ရွေးရန်

Significant Other

2022ဇာတ်ကားအမှတ် 6.0/1085 မိနစ်

ရူ့သ်နဲ့ ဟယ်ရီက တောအုပ်တစ်ခုထဲကို စခန်းချခရီးထွက်လာကြတဲ့ ချစ်သူစုံတွဲပါ။ ဟယ်ရီက ဒီခရီးအတွက် စိတ်အားထက်သန်နေပေမယ့် ရူ့သ်ကတော့ သိပ်သွားချင်လှတာ မဟုတ်ဘူး။ ဒါပေမယ့် ချစ်သူက သွားချင်လွန်းနေတာကြောင့် ကျောပိုးအိတ်တစ်လုံးနဲ့ လိုက်လာခဲ့ပါတယ်။ ဟယ်ရီ့မှာ ရူ့သ်ကို တောထဲခေါ်လာရတဲ့ ရည်ရွယ်ချက်တစ်ခု ရှိနေတယ်။ သူက ဒီခရီးမှာ လက်ထပ်ခွင့်တောင်းချင်တာပါ။ ငယ်စဉ်က ရခဲ့တဲ့ စိတ်ဒဏ်ရာတွေရှိနေတဲ့ ရူ့သ်ကတော့ ငြင်းလိုက်ပြီး နှစ်ယောက်ကြား ဆက်ဆံရေးလည်း အက်ကြောင်းထင်သွားပါတယ်။ အဲဒီကြားမှာ ရူ့သ်က တောထဲ ခဏပျောက်သွားခဲ့သေးတယ်။ သူ့အတွက် ဘာတွေဖြစ်ခဲ့တာလဲ၊ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကရော အရင်လို ပြန်အဆင်ပြေနိုင်ပါ့မလား။

ဇာတ်လမ်းအကြောင်း