ဇာတ်ကားများ ရွေးရန်

Survival Family

2017ဇာတ်ကားအမှတ် 7.3/10117 မိနစ်

သင်ဟာ လျှပ်စစ်မီးမရှိပဲ ဘယ်နှစ်ရက်လောက်ထိနေနိုက်ပါသလည်း????? သင်နေ့စဉ်သုံးနေကြ ပစ္စည်းတွေထဲကမှ လျှပ်စစ်နဲ့သုံးရတဲ့ပစ္စည်းတွေ၊ စက်ပစ္စည်းမှ မှန်သမျှက သုံးလို့မရအောင်ရပ်တန့်သွားရင် သင်နေ့စဉ်ဘဝမှာ အစဉ်ပြေနိုင်သေးလား ????? ဒီလိုမေးခွန်းတွေက မြန်မာနိုင်ငံသားတစ်ယောက်ဆိုရင်တော့ သိပ်မထူးဆန်းပေမယ့် ဂျပန်နိုင်ငံသားတွေကို ဒီလိုမေးခွန်းထဲက အခြေအနေတွေမျိုး တစ်ကယ်ဖြစ်လာသောအခါ....... တိုကျိုမြို့ကြီးမှာနေထိုင်တဲ့ ဆူဇူကီး မိသားစုက သာမန်မိသားစုတွေလိုပဲ မြို့ပြယဉ်ကျေးမှုမှာ စီးမျောနေတဲ့မိသားစုတစ်ခု၊ အဖေက company မှာအလုပ်ကြိုးစားတယ်၊ ဒါပေမဲ့ မိသားစုနဲ့ ကင်းကွာနေတယ်၊ အမေကလည်း အိမ်မှုကိစ္စတွေတာဝန်ကျေပွန်ပေမယ့် မိသားစုအတွင်း စည်းလုံးအောင် မလုပ်ဆောင်နိုင်ဘူး၊ သားနှင့်သမီးကလည်း အထက်တန်းကျောင်းသားတွေပီပီ ဖုန်းနှိပ်လိုက်၊ အပေါင်းအသင်းတွေနဲ့ လျှောက်သွားလိုက်နဲ့ မိသားစုစကားပြောဖြစ်တာ တော်တော်ရှားတယ်၊ တစ်ရက် မနက်မိုးလင်းမှာတော့ လျှပ်စစ်မီးပျက်သွားတယ်၊ မီးပျက်မှာကို ကြိုသတိပေးလေ့ရှိတဲ့ ဂျပန်နိုင်ငံမှာတော့ အထူးအဆန်းပေါ့၊ အစကတော့ သူတိူ့တစ်အိပ်ပဲဖြစ်နေတယ်လို့ထင်နေပေမယ့် နောက်ပိုင်းမှ တစ်မြို့လုံးဖြစ်နေကြတယ်၊ ရုံးသွားဖို့အလျင်လိုနေတဲ့ ဆူဇူကီးတစ်ယောက် မနက်စာမစားပဲထွက်လာခဲ့ပေမယ့် ပုံမှန်လာနေကြ အချိန်မှန် ရထားကလည်းရောက်မလာဘူး၊ ဒိလိုနဲ့ ရုံးကိုလမ်းလျှောက်သွားပြီး ရုံးရှေ့ရောက်တော့လည်း လျှပ်စစ်နဲ့လုပ်ထားတဲ့ ရုံးတံခါးကဖွင့်မရ၊ တံခါးကိုရိုက်ချိုးပြီးဝင်လိုက်ပြီး ရုံးတတ်ပြီး အိမ်ပြန်လာ၊ ဖယောင်းတိုင်ထွန်းပြီး အသင့်စားဟင်းတွေနဲ့ပဲ ညစာစားလိုက်ရ... ဒီလိုနဲ့ လျှပ်စစ်မီး ပျက်တောက်မှု၊ စက်ပစ္စည်းတွေ သွားလာလို့မရမှုက တစ်ရက်တစ်လေမဟုတ်ပဲ ရက်ဆက်လာတော့တဲ့အချိန်မှာတော့ နေ့စဉ်စားဖို့သောက်ဖို့တောင်ခက်ခဲလာခဲ့ပြီ၊ အရာရာ အသင့်စား စားသောက်မှုအပေါ်မှာ အလွန်အမင်း မှီခိုအားထားလွန်းတဲ့ ဂျပန်နိုင်ငံသားတွေအတွက်ကတော့ ဒိလိုဖြစ်လာတာက အကြီးမားဆုံးသော ဒုက္ခပဲ၊ တိုကျိုမြို့ကြီးမှာ ဆက်နေထိုင်ဖို့ မဖြစိတော့တဲ့ ဆူဇူကီးမိသားစုအဖို့ ယောက္ခမရှိတဲ့ နယ်ဘက်ကကျေးရွာလေးကို သွားဖို့ စီစဉ်ရတော့တယ်၊ ဒါပေမဲ့ ကားတွေကတစ်စီးမှနှိုးမရတဲ့အဆုံး နောက်ဆုံးတော့ မိသားစုလေးယောက်က စက်ဘီးကိုယ်စီနဲ့ ခရီးရှည်ကြီးစတင်ထွက်လာခဲ့ပါတော့တယ်၊ အပျော်ခရီးတော့မဟုတ်ဘူး၊ မိသားစုတစ်စုလုံးအသက်ရှင်ဖို့အတွက် သွားရတဲ့ Survial Trip..... သူတို့လမ်းခရီးမှာ အဆင်ပြေမလား..... ဘယ်လိုအခက်အခဲတွေနဲ့ ကြုံရမလည်း...... သူတို့ရဲ့ ရည်မှန်းချက် ပန်းတိုင်းကိုကောရောက်သွားမလား....... ကျွန်တော်တို့ ဒီဘက်နှစ်နောက်ပိုင်းမှာ ခေတ်စားလာတဲ့ ရုပ်ရှင်အမျိုးစားက survival movie လို့ခေါ်တဲ့ အခက်အခဲတွေကနေ ရှင်သန်လွှတ်မြောက်အောင် ထွက်ပြေးရတဲ့ရုပ်ရှင်တွေ၊ အနီးစပ်ဆုံး ပရိသတ်သိခဲ့တာ Train Yo Busan ဇာတ်ကား၊ ပုံမှန် survival movie တွေအခြေခံတာက zombie တွေလိုက်လို့ ထွက်ပြေးတာတွေ၊.ရေကြီးလို့ ထွက်ပြေးတာတွေပေါ့၊ ဒါပေမဲ့ အခု ဒီဇာတ်ကားကတော့ ထူးဆန်းတယ်၊ လျှပ်စစ်မီးမရှိ၊ စက်ပစ္စည်းတွေရပ်တန့်သွားလို့ ထွက်ပြေးရတာ၊ တင်စားပြောရရင်တော့ ၂၁ ရာစုခေတ်ကနေ ကျောက်ခေတ်လူနေမှုဘဝကို ကူးပြောင်းခြင်းလို့ ပြောလို့ရတယ်၊ ကျွန်တော်တို့နေ့စဉ်လူနေမှုဘဝမှာ ဘာတွေလိုအပ်လည်း.. အလွယ်ပြောရရင် စား၊ဝတ်၊နေရေး၊ အစားအစာစားသောက်ဖို့ ချက်ပြုတ်ဖို့ လျှပ်စစ်မီးလိုတယ်၊ နေ့စဉ်အသက်ရှင်ဖို့ ရေသန့်လိုတယ် အရှက်လုံခြုံဖို့ အဝတ်အစားလိုတယ် လုံလုံခြုံခြုံနေထိုင်ဖို့ အိမ်တစ်လုံးလိုတယ် တကယ်လို့ ဒီလိုအခြေအနေကနေ ရုတ်တရက်ပျောက်ဆုံးသွားရင်ဆိုတဲ့ မေးခွန်းက ဒီရုပ်ရှင်ကားရဲ့ အသက်ပဲ၊ ပရိသတ်တွေကို ရုပ်ရှင်စကြည့်ကတည်းကမေးလိုက်တာ ရုပ်ရှင်ပြီးခါနီးထိပဲ၊ ဖုန်းအားကုန်သွားလို့ ဖုန်းအားမသွင်းဖြစ်ရင်တောင် တိုင်ပတ်နေတဲ့ ၂၁ ရာစုခေတ်ထဲမှာ လျှပ်စစ်မီးမရှိတာကိုအရမ်းကြီးမားတဲ့ ဒုက္ခပါ၊ နည်းပညာတိုးတတ်လာတော့လည်း သဘာဝနဲ့ကင်းကွာလာခဲ့တယ်၊ သဘာဝရဲ့ အလှအပတွေ ခံစားတတ်ဖို့၊ မိသားစုအချင်းချင်း ရင်းရင်းနှီးနှီးနေထိုင်ဖို့၊ အတူတူခရီးထွက်ဖို့တောင်ခက်ခဲ့လာခဲ့တယ်၊ တစ်ဖက်က တိုးတတ်မှုတွေရှိသလို တစိဖက်ကလည်း ဆုံးရှုံးမှုတွေရှိတဲ့ လောကနိယာမအတိုင်း ကြုံလာရပေမယ့် ဒီလိုမျိုးအဖြစ်မျိုးကနေ ရုန်းထွက်နိုင်ဖို့ ကြိုစားသင့်ကြောင်း ဒီဇာတ်ကား ကျွန်တော်တို့ကိုပြောပြနေတယ်၊ လူသားတွေက ကမ္ဘာပေါ်မှာ နံပါတ် ၁ ဖြစ်နေရတဲ့ အကြောင်းတွေထဲက အရေးကြီးဆုံးတစ်ခုက လူသားတွေရှင်သန်လိုစိတ်ပဲ၊ လူရယ်လို့ဖြစ်လာရင်တော့ အသက်ရှင်သန်ဖို့ရုန်းကန်ခဲ့ရတာပဲ၊ လူ့သမိုင်းမှာလည်း ကျောက်ခေတ်ကစလို့ အသက်ရှင်ဖို့ရုန်းကန်ရင်းပဲ ယနေ့အချိန်ထိရောက်ခဲ့ရတယ်၊ နည်းပညာတိုးတတ်လို့ နည်းပညာအပေါ်မှီခိုလွန်းပေမယ့် တကယ့်အရေးကြုံလာတဲ့အခါမှာတော့ လူသားတွေရဲ့ ပင်ကိုယ်ဗီဇရှင်သန်မှုက ပေါ်ထွက်လာခဲ့တယ်၊ ဒိအချက်ကပဲ ဒီဇာတ်ကားရဲ့ အကောင်းဆုံးသော ခမ်းနားမှုပဲ၊ အစက တစိမ်းဆန်ခဲ့တဲ့ ဆူဇူကီး မိသားစု ၄ ယောက် အခက်အခဲနဲ့ ကြုံလာတဲ့ချိန်မှာတော့ တစ်ဦးကိုတစ်ဥိးနားလည်လာတယ်၊ ဖေးမလာတယ်၊ ယုံကြည်လာခဲ့တယ်၊ ဒါပေမဲ့ ဒိလိုယုံကြည်မှုတွေက လွယ်လွယ်နဲ့ ရလာခဲ့တာတော့မဟုတ်ဘူး၊ သူတို့တွေ ဘယ်လို ရုန်းကန်ရှင်သန်လာရလည်းဆိုတာကိုတော့ ဇာတ်ကားထဲမှာ ကိုယ်တိုင်ခံစားစေချင်ပါတယ်၊ ဒီဇာတ်ကားက surviavl movie တွေရဲ့ ထုံးစံအတိုင်း အခက်အခဲတွေဖြေရှင်းတာတွေပါတယ်၊ ဒါပေမဲ့ သဘောကျမိတာက လူသားဆန်ပြီး လက်တွေ့ကျတဲ့ ဖြေရှင်းနည်းတွေဖြစ်နေတာပဲ၊ တစ်ချို့အချက်တွေဆိုရင် တော်တော်လေး သဘောကျမိပါတယ်၊ ဒါပေမဲ့ မကြည့်ရသေးတဲ့သူတွေအတွက် Spoiler ဖြစ်မှာစိုးရိမ်တာကြောင့် နောက်ကြုံကြိုက်ရင် ဆွေးနွေးချင်ပါတယ်၊သင်ဟာ ဒီဇာတ်ကားကို စိတ်ဝင်စားလို့ ကြည့်မယ်ဆိုရင် ဇာတ်လမ်းအကုန်လုံးမသိအောင် ဂရုစိုက်သင့်ပါတယ်၊ သင်ကိုယ်တိုင် ကြည့်နေရင်းနဲ့ ဆူဇူကီးမိသားစုတွေနဲ့အတူ စီးမျောတာက သင့်အတွက် အဖိုးတန်တဲ့ အချိန် ၂ နာရီဖြစ်လာမှာပါ.၊ 2016 ခုနစ်က Train To Busan ဆိုရင် 2017 က Survival Family ပါပဲ ဒါပေမဲ့ ကိုရီးယားနဲ့မတူတာက ဒီဂျပန်ရုပ်ရှင်က အတင်းမျက်ရည်မချူသွားတာပါပဲ... ဇာတ်ကြောင်းကိုက ပိုပြီးသဘာဝနဲ့နီးစပ်ပြီး ပိုပြီးလက်တွေ့ဆန်ပါတယ်၊ အချက်တစ်ချက်လောက်ပဲ ရုပ်ရှင်ဆန်သွားတာပါ၊ စ လယ် ဆုံး ပရိသတ်ကိုရင်ခုန်စိတ်လှုပ်ရှားမှု အပြည့်နဲ့ ဆွဲခေါ်သွားမယ့်ဇာတ်ကားကောင်းတစ်ကားပါ၊ နိုင်ငံတကာမှာလည်း ချျီးကျူးမှုတွေရထားတဲ့ ဒိဇာတ်ကားက ဆုတွေအများကြီးလည်းရထားပါတယ်၊မြန်မာနိုင်ငံက ပရိသတ်တွေသိတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားပါတယ်၊ ဒီဇာတ်ကားထဲက အဖြစ်အပျက်က တကယ်မဖြစ်လာနိုင်ဘူးလို့ ပြောလို့မရပါဘူး၊ တစ်နေ့နေ့မှာ သေချာပေါက်ကြုံတွေလာနိုင်တဲ့ကိစ္စပါ၊ ဒီဇာတ်ကားကိုကြည့်ရှုရင်း ရေတစ်ဘူးရဲ့တန်ဖိုး၊ ထမင်းတစ်လုပ်ရဲ့ တန်ဖိုးကိုပိုသိလာမှာပါ၊ .ဒါကြောင့် ဒီဇာတ်ကားကိုကြည့်ရှုပြီး လူသားတွေရဲ့ အသက်ရှင်ရုန်းကန်နိုင်စွမ်းအားကို ဂုဏ်ယူလိုက်ပါလို့ ပြောကြားရင်း..... (ဇာတ်လမ်းအညွှန်းကိုတော့ ကို Zin Ko Ko ၏ Facebook Account (https://www.facebook.com/profile.php?id=100008562490981) မှကူးယူဖော်ပြပါသည်။ File Size : (900 MB) and (348 MB) Quality : Blu-Ray 720p Running Time : 1hr 57min Format : Mp4 Genre :Comedy Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264.DTS-WiKi Translated by Aye Mon Kyaw Encoded by Thanhtike Zaw

ဇာတ်လမ်းအကြောင်း