Kamen Rider Heisei Generations FOREVER
Rating 7.5 ရရှိထားတဲ့ ကားဖြစ်ပါတယ်... Kamen Rider : Heisei Generation Forever ဟေးဆေး'ဂျင်း'နရေးရှင်း ဖော်အဲဗား ရီဗျုးလုပ်ရမယ်ဆိုရင်ဖြင့် ဇာတ်လမ်းကဒီလို Tid ဆိုတဲ့ Time jacker ဘဲကြီးက Kuuga ကနေစပြီး ဟေးဆေးရိုက်ဒါတွေရဲ့သမိုင်းကိုဖျောက်ဖို့ကြိုးစားတယ်။ အဲ့ဒီတော့ ခါမန်းလိုက်ဒါတွေဆိုတာက အခုလောကမှာလို တိုကုအစီအစဉ်သက်သက်ဖြစ်ကုန်တယ်။ ဒါပေမဲ့ အဲ့ဒါကို ပြန်ဖြေနိုင်မယ့်ကလေးတယောက်ရှိတယ်... အဲဒီကလေးကို ရှင်ဂိုလို့ခေါ်တယ်... သူက ရိယောတာ့ရိုး(Ryotarou)လိုပဲ ဗဟိုမှတ်(Singular point) .. အဲ့ကလေးမှတ်ဉာဏ်ထဲမှာ ခါမန်းလိုက်ဒါတွေကိုမှတ်မိနေရင် Tid က သမိုင်းဖျောက်လို့မရဘူး။ ဘာလို့ဆိုတော့ ဗဟိုမှတ် ကောင်ဆိုးလေးဒွေက အချိန်စက်ဝန်းရိုက်ခတ်မှုထဲကလွတ်နေကြလို့။ ဒီတော့ဘာလုပ်သလဲ... Kuuga မပေါ်လာခင်အချိန်ကိုပြန်သွားပြီး အဲ့ကလေးကိုဖမ်းသွားတယ်... ခူးဂါကိုမမြင်ဖူးလိုက်အောင်။ ဒါပေမဲ့ မပြီးသေးဘူး.. သမိုင်းပြောင်းသွားပြီး ခါမန်းလိုက်ဒါဆိုတာ တိုကုအစီအစဉ်အဖြစ်ပြောင်းသွားတဲ့နောက် Ataru ဆိုတဲ့ တိုကုအိုတဘဲလေးတကောင်ရှိလာတယ်။ အဲ့ကောင်လေးဆီကို အီမာဂျင်တကောင်ရောက်လာပြီး ဆုတခုတောင်းခိုင်းတယ်... အဲ့ကောင်လေးကလည်း ခါမန်းလိုက်ဒါအစစ်တွေကိုမြင်ချင်တယ်လို့ဆုတောင်းလိုက်တော့ ဂေးဇိုးလေးတို့ စုံတွဲ(Zi-O နဲ့ Geiz) ရယ် ဉာဏ်ကြီးရှင်ဆန်းတို နဲ့ ဘန်းဂျိုရယ်က ပြန်ရှိလာကြတယ်။ အဲ့မှာ Tid က တင်းပြီ... ဘာကိစ္စ ဒီကမ္ဘာမှာ ခါမန်းလိုက်ဒါတွေပေါ်လာရတာလဲဆိုပြီး လိုက်ဗျင်းတာပေါ့။ ရှင်ဂို၊ အာတာ့ရု နဲ့ အီမာဂျင် တို့ပတ်သက်မှုက ဘယ်လိုချာလည်လိုက်ပြီး ဂေးဘျင်ဆိုးလေးတို့စုံတွဲနဲ့ ဝေါ့ဇ် တို့ ဘာဆက်လုပ်ကြမလဲဆိုတာတော့ ကိုယ်တိုင်ဆက်ကြည့်မှကောင်းမှာနော်…။ အမှန်တကယ် ဒီဇာတ်လမ်းက ZI-O ထက် Den-Oရဲ့ဇာတ်လို့ပြောရမလိုပဲ.. . ဇာတ်လမ်းတည်ဆောက်ပုံက Den-O ထဲကသီအိုရီတွေနဲ့အဓိကတည်ဆောက်ထားတယ်…။ ဇာတ်ကားရဲ့အဓိကဆိုလိုရင်းက Trailer မှာကတည်းက ပါပြီးသား… ‘အဲ့ဒီအချိန်တုန်းက ငါ့နားမှာRider တွေတကယ်ရှိခဲ့တယ်… ဒါကိုမမေ့သ၍ Riderတွေရှိနေဦးမှာပဲ’ ဆိုတဲ့တကြောင်း.. အဲ့ဒါက အသက်…။Heisei Generation ကို ဟေးဆေ့ခေတ်မှာကြီးပြင်းဖြတ်သန်းခဲ့သူတွေဘယ်တော့မှမမေ့ဘူး… ရင်ထဲကပျောက်ကွယ်သွားအောင်ဘယ်သူမှမလုပ်နိုင်ဘူးဆိုတာကိုပြချင်တာ…။ ဒီတချက်တော့ ရင်ထဲထိတယ်… ဒါဆို ဘာတွေဂျင်းထည့်သလဲ… -W ထဲက တယောက်မှ ပြန်မပါနိုင်လို့ W Ride watch ကို လမ်းဘေးခေါက်ဆွဲဆိုင်ကရတာလို့လုပ်ရက်တာ -သောက်ကျိုးနဲ ချာတူးလန်နေတဲ့ CGI တွေ… PS4 Game ထဲကပုံလောက်ပဲရှိတဲ့ရုပ်ထွက်မျိုးကို ရုပ်ရှင်ကားကြီးမှာသုံးတယ်ဆိုတာ တော်ရုံတန်ရုံအခွက်ပြောင်တာမဟုတ်ဘူး…။ Another Kuuga ဆိုရင် Low Poly model ကြီးကိုမှ Shading က Shadow, Ambient Occlusion, ပတ်ဝန်းကျင်အလင်းပြန်ဟပ်မှု, Bump, Normal map စတဲ့အချက်တွေလုံးဝမပါဘဲ Texture မှာပဲ အရိပ်ကိုဆေးချယ်ပြီထည့်ထားပါတယ် ။ Drive ရဲ့ Tridoron ကားကလည်း အချပ်လိုက်ကြီး။ -ပစ်စလက်ခတ် ဆက်တင်။ အင်မတန်ထူးဆန်းတဲ့ မျှော်စင်ကြီးထဲမှာ ရှင်ဂို ကိုဖမ်းထည့်ထားတဲ့အခန်းကို ဘယ်က အနုပညာပြခန်းထဲသွားရိုက်ထားလဲမသိဘူး.. ပေါလစ်ရှ်တွေပြောင်လက်နေတဲ့ သစ်သားကြမ်းခင်းနဲ့ ကတီပါခင်းထားတဲ့ စင်မြင့်မှာ နောက်ခံကန့်လန့်ကာပေါ်ကို Disco light လေးထိုးပေးထားတယ်… ( Kyurangers တုန်းက သိပ်သွားတဲ့ဂျင်းအကွက်တွေ ထပ်သုံးတာ) -Den Liner အရွယ်အစားက ကြီးလိုက်သေးလိုက်။ နောက်ဆုံးအနေနဲ့တွေးစရာတခုက ပိုစတာမှာရော ထွေလာမှာပါ ပြူးပြဲနေအောင်ပါတဲ့ ‘ခေတ်တခေတ်ရဲ့အဆုံး.. အရာခပ်သိမ်းရဲ့နိဒါန်း’ ဆိုတာ ဘယ်ဟာကိုဆိုလိုတာလဲပေါ့နော်…။ ခူးဂါကိုပြောချင်တာလား… သို့မဟုတ် အဲ့ဒီထဲက ရှင်ဂိုဆိုတဲ့ကလေးက Reiwa first Gen Rider ဖြစ်လတ္တံ့ဆိုတဲ့ အီစတာဥလား ? အီစတာဥ ကတော့ကိုယ့်အထင်ပေါ့ ဟုတ်မဟုတ်ကတော့ ကိုယ်တိုင်ကြည့်ပြီးဆွေးနွေးကြပါလို့။ ရုပ်ရှင်အညွှန်းကတော့ Ko Sai (Manga Artist) မှ ရေးသားပေးထားတာဖြစ်ပြီး fangsubs မှ ဘာသာပြန်ထားပေးတာဖြစ်ပါတယ် ဂျင်းမှန်းသိပေမယ့် Kamen Rider ပရိသတ်များအဖို့ Heisei ခေတ်ရဲ့ နောက်ဆုံးရုပ်ရှင်လေးကို ကြည့်ဖြစ်ကြစေလိုသောကြောင့် တင်ဆက်ပေးလိုက်ပါသည် File Size : (937 MB) & (274 MB) Quality :BluRay 720p Running Time :1hr 40 min Format : Mp4 Genre : Action Subtitle : Myanmar Subtitle (Hard Sub) Translated by Fangsubs Encoded by Moe Myint Lwin
ဇာတ်လမ်းအကြောင်း