ဇာတ်ကားများ ရွေးရန်

Roti Kapda Romance

2024ဇာတ်ကား153 မိနစ်

Roti Kapda Romance 2024 (ဘော်ဒါ၄ယောက်ရဲ့ အချစ်ခရီးလမ်း) ဟာရှာ,ဆူရ်ယာ, ဗစ်ကီနဲ့ ရာဟူးဆိုတဲ့ သူငယ်ချင်းလေးယောက်ရှိပါတယ်။ သူတို့လေးယောက်လုံးဟာ ငယ်စဉ်အရွယ်တုန်းက မိဘတွေကမထိန်းနိုင်တော့ဘဲ အဆောင်ပို့ရတဲ့အထိကို ဆိုးခဲ့ကြတဲ့ သူတို့လေးယောက်၊ အဆောင်မှာ လေးယောက်သား ဆုံတွေ့ခဲ့ကြရင်းနဲ့ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်လို့လာခဲ့ပါတယ်။ ငယ်ငယ်တုန်းကတော့ မခွဲအတူ အမြဲတမ်းနီးနီးကပ်ကပ်ရှိနေခဲ့ကြတဲ့အချိန်မှာပဲ သူတို့ရဲ့ခင်မင်မှုတွေကြားမှာ မုန်တိုင်းထန်စေမယ့် ကောင်မလေးတွေ သူတို့ဘဝထဲကို ရောက်ရှိလို့လာခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့သူငယ်ချင်းလေးယောက် ခင်မင်မှုတွေ ပျက်ကုန်ပြီး အကုန် ကွဲကုန်ကြပါတော့တယ်။ ဒါပေမဲ့လည်း သူငယ်ချင်းသံယောဇဉ်က လွယ်လွယ်နဲ့ မဖြတ်တောက်နိုင်တော့ အချိန်ကြာလာတာနဲ့ သူတို့ ပြန်လည်သင့်မြတ်သွားကြပါတော့တယ်။ ဒါပေမဲ့လည်း အကုန်လုံးနေရာတွေ မတူညီတော့ပဲ ဝေးကွာနေကြတာပေါ့ ။ ဒီအချိန်မှာ ဆူရ်ယာဟာ အိမ်ခြံမြေလုပ်ငန်းနဲ့ တော်တော်လေးအလုပ်ဖြစ်နေပြီးတော့ သူငယ်ချင်းတွေနဲ့ပြန်ဆုံတွေနိုင်ဖို့ အကုန်လုံးကို သူရှိတဲ့ဂိုအာကိုလာဖို့အတွက် လက်မှတ်ဝယ်ပို့လိုက်ရင်း သူငယ်ချင်း၄ယောက် ပြန်လည်ဆုံတွေ့ဖို့ ဖြစ်လာခဲ့ပါတယ်။ ၄ယောက်သား ပြန်ဆုံတွေ့လာတဲ့နောက်မှာ သူတို့ရဲ့ခင်မင်မှုတွေကို ဖျက်ဆီးခဲ့တဲ့ တစ်ချိန်တုန်းက ကောင်မလေးတွေကို မကျေမနပ်ဖြစ်နေသေးတဲ့ ဆူရ်ယာတစ်ယောက် သူ့အနေအထားကို ပြပြီးတော့ ပြန်ချေချင်နေပါတော့တယ်။ ဒီလိုနဲ့ သူတို့ရဲ့တည်ငြိမ်နေတဲ့ဘဝကို ဖျက်ဆီးသွားခဲ့တဲ့ ကောင်မလေးတွေရဲ့ ဘဝကို ၄ယောက်ပေါင်းပြီး ဘယ်လိုတွေ ပြန်လည်နှောင့်ယှက်သွားမလဲ ဆိုတာကို ကြည့်ရှုရမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size…2.24 GB / 1.2 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team

ဇာတ်လမ်းအကြောင်း