ဇာတ်ကားများ ရွေးရန်

How to Talk to Girls at Parties

2017ဇာတ်ကားအမှတ် 6.0/10103 မိနစ်

ဒီတစ်ခါမှာတော့ How to Talk to Girls at Parties ဆိုတဲ့ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားမှာတော့ အားလုံးရဲ့အချစ်တော် မင်းသမီးချောလေး Elle Fanning နာမည်ကျော်မင်းသမီးကြီး Nicole Kidman အပြင် မင်းသား Alex Sharp တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ Enn တို့သူငယ်ချင်းတစ်သိုက်ဟာ ထိုအချိန်က ခေတ်စားနေတဲ့ ပန့်ဂီတနဲ့ ယဉ်ကျေးမှုကို ရူးသွပ်ကြတဲ့သူတွေဖြစ်ပါတယ်။ တစ်ရက် ပန့်ဂီတပွဲကိုသွားပြီးအပြန်မှာထူးဆန်းတဲ့ ဂီတသံတွေကြားတာကြောင့် လိုက်လံစပ်စုရာမှ ထူးဆန်းတဲ့လူတွေ နေထိုင်တဲ့ အိမ်ကြီးတစ်အိမ်ဆီကိုရောက်ရှိသွားပါတယ်။ တကယ်တော့ အဲဒီလူတွေဟာ လူအစစ်မဟုတ်ဘဲ ကမ္ဘာမြေကို မကြာသေးခင်ကမှရောက်ရှိလာတဲ့ ဂြိုလ်သားတွေပဲဖြစ်ပါတယ်။ အဲဒီလို Enn တို့သူငယ်ချင်းတွေ ထိုအိမ်ကြီးကိုရောက်ရှိသွားရာက ဂြိုလ်သားမလေးZen နဲ့ တွေ့ဆုံခဲ့ရပါတယ်။ ကမ္ဘာမြေနဲ့လူတွေအကြောင်းကို အရမ်းစိတ်ဝင်စားတဲ့ ဂြိုလ်သားမလေး Zen ဟာ အတွေ့အကြုံအသစ်တွေကို ရှာဖွေချင်တာကြောင့် သူတို့ဂြိုလ်သားမျိုးရိုးတွေဆီကနေ ထွက်ပြေးပြီး Enn နောက်ကိုကောက်ကောက်ပါအောင် လိုက်သွားပါတော့တယ်။ အဲဒီလိုနဲ့သူတို့နှစ်ယောက်သား ချစ်ကျွမ်းဝင်သွားတဲ့ အခါမှာတော့......။ ဒီဇာတ်ကားမှာ ပန့်ယဉ်ကျေးမှု ဂီတတွေအပြင် ဂြိုလ်သားတွေပါ ပါဝင်နေတာကြောင့် ကြည့်တဲ့သူတွေအဖို့တော့ နည်းနည်းကြောင်တောင်တောင် နိုင်နေပါလိမ့်မယ်။ သို့ပေမယ့် ကျွန်တော့်လို့ Elle Fanning မျက်နှာကိုမြင်နေရရုံနဲ့ ကျေနပ်နေတဲ့သူအဖို့တော့ သိပ်ပြီးပြဿနာမဟုတ်ခဲ့ပါဘူး။ Elle Fanning ရဲ့ပရိသတ်ဆိုရင်တော့ လက်လွှတ်မခံသင့်ပါဘူး၊ သူ့ကြည့်ရတာနဲ့ တန်နေပါပြီ။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုမျိုးသန့်ပါ) File Size : (850 MB) and (350 MB) Quality : Blu-Ray 720p Running Time : 1hr 42Min Format : Mp4 Genre : Comedy, Music, Romance Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264.DTS-HDC Translated by Myo Thant Kyaw Encoded by Thanhtike Zaw

ဇာတ်လမ်းအကြောင်း