ဇာတ်ကားများ ရွေးရန်

Saakini Daakini

2022ဇာတ်ကားအမှတ် 5.9/10115 မိနစ်

ရဲသင်တန်းကျောင်းမှာ ကျောင်းလာအပ်ရင်း ဆုံခဲ့ကြတဲ့ ကောင်မလေးနှစ်ယောက်ဟာ စတွေ့ကတည်းက မတည့်ကြပါဘူး။ အဆောင်မှာလည်း တစ်ခန်းတည်းကျပြန်တော့ သင်တန်းတက်ရင်း တစ်ယောက်ကိုတစ်ယောက် ချောက်တွန်းကြ၊ အကျပ်ရိုက်အောင် လုပ်ကြနဲ့ နေလာခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီလို ရန်ဖြစ်နေကြရင်းကပဲ ခင်မှန်းမသိ ခင်သွားကြပါတယ်။ လက်တွေ့ကွင်းဆင်းရတဲ့အချိန် ရောက်လာတော့ တစ်ရက် အိမ်ပြန်လမ်းမှာ ကောင်မလေးတစ်ယောက် ပြန်ပေးဆွဲခံရတာကို သူတို့နှစ်ယောက် မြင်လိုက်ရတယ်။ နောက်ကြောင်းလိုက်စုံစမ်းကြည့်တဲ့အခါ အဖမ်းခံရသူက မိသားစုမရှိတဲ့သူ ဖြစ်နေပါတယ်။ ပြန်ပေးဆွဲသမားတွေဟာ သူတို့ပျောက်သွားရင် တိုင်ချက်ဖွင့်ပေးမယ့်သူ မရှိတဲ့ မိန်းကလေးတွေကိုပဲ ရွေးဖမ်းနေကြတာပါ။ တိုင်ချက်မရှိတော့ ဒီဒုစရိုက်ဂိုဏ်းရဲ့ လုပ်ရပ်တွေကလည်း လူမသိဘဲ ဖြစ်နေခဲ့တယ်။ ဒီအမှုကို ဖော်ထုတ်ဖို့ ကြိုးစားကြမယ့်သူတွေက ရဲအစစ်တောင် မဖြစ်သေးတဲ့ သင်တန်းသူနှစ်ယောက်ပါ။ သူတို့နှစ်ယောက် ဂိုဏ်းကြီးတစ်ခုကို ဘယ်လိုစုံစမ်းဖော်ထုတ်ပြီး အရေးယူနိုင်မလဲ၊ ပြန်ပေးဆွဲသူတွေကလည်း ဘာကြောင့် မိန်းကလေးတွေကိုပဲ ဖမ်းနေကြတာလဲဆိုတဲ့အကြောင်းကို ဟာသလေးတွေ ရောနှောထားတဲ့ ဇာတ်လမ်းနဲ့ ဆက်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း